Connect with us

Economy

တရုတ်နိုင်ငံပေကျင်းမြို့တွင် ကျင်းပမည့် မြန်မာ့အစားအစာပွဲတော် နှင့် ရွှေအုတ်ခဲ ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက် လုပ်ခဲ့သည့် Spring Line Project ပြီးမြောက်ကြောင်းရှင်းလင်း


ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံပေကျင်းမြို့တွင် ကျင်းပမည့် Myanmar Food Festival (မြန်မာ့အစားအစာပွဲတော်) နှင့် ရွှေအုတ်ခဲ ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက် လုပ်ခဲ့သည့် Spring Line Project ပြီးမြောက်၍ ဖွင့်လှစ် တော့ သတင်းစာရှင်းလင်းပွဲကို ယနေ့ (မေ ၁၁) တွင် ရန် ကုန်ရှိ Lotte ဟိုတယ်တွင် ကျင်းပခဲ့သည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် Mr.LIU WEI (မစ္စတာလျှူဝေ့) က “မေလ ၃၀ ရက်နေ့ တွင် ပေကျင်းမြို့၌ Myanmar Food Festival ကိုဆက်လက်ပြီး ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။ Myanmar Food Festival ကို China ASEAN Center (တရုတ်-အာဆီယံစင်တာ) နဲ့အတူ မြန်မာသံရုံးမှ နေ၍ ကြီးမှူးကျင်းမှာဖြစ်ပါတယ်’’ ဟုပြောသည်။

သတင်းစာရှင်းလင်းပွဲကျင်းပသည့်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်မည့် China Beijing International Fair For Trade in Service (ဝန်ဆောင်မှုလုပ်ငန်းများတွင် ကုန်သွယ်မှုပြုရေးအတွက် တရုတ်-ပေကျင်းနိုင်ငံတကာပွဲတော်) အားမေလ ၂၈ ရက် မှ ဇွန် လ ၁ ရက်နေ့ အထိကျင်းပမည်ဖြစ်သည်။ မြန်မာအစားအသောက်ပွဲတော်သည် China Beijing International Fair For Trade in Service ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

China Beijing International Fair For Trade in Service အား ၄ ကြိမ်တိုင် ကျင်းပခဲ့ပြီးဖြစ်ပြီး၊ ယခုအကြိမ်သည် ၅ ကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်။ ပေကျင်းတွင် ကျင်းပမည့် ပွဲတော်သို့ တရုတ်နိုင်ငံမှ ခေါင်းဆောင်များ၊ ပြည်ပနိုင်ငံများမှ အစိုးရခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များ စီးပွားရေးလုပ်ငန်းများမှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

အလားတူပင် မြန်မာသံရုံးအနေဖြင့် Myanmar Food Festival ကို အင်မတန်မှ အလေးထားကြောင်း၊ Myanmar Food Festival တွင် မြန်မာသံအမတ်ကြီးတက်ရောက်မည့်အပြင် အာဆီယံ ၁၀ နိုင်ငံမှ သံအမတ်ကြီးများကိုလည်း တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။ Myanmar Food Festival နှင့်ဆက်စပ်ပြီး များစွာသော ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ ကိုလည်း တစ်ဆက်တည်းကျင်းပပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲကျင်းပသည့်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရွှေအုတ်ခဲ ဆောက်လုပ်ရေး၏ Spring Line Project လုပ်ငန်းကို မေ ၁၇ ရက်နေ့တွင် ဖွင့်ပွဲအား အဆိုပါ လုပ်ငန်းတည်ရှိရာ အင်းစိန်မြို့နယ် အောင်ဇေယျ တံတားအနီး၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် မဟာမိတ်ဖက် သဘောတူညီမှု စာချုပ် လက်မှတ်ထိုးခြင်း၊ ရန်ကုန်မြို့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ကျပ်သိန်း ၁၀၀ လှူဒါန်း ခြင်း၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဝန်ဆောင်မှုအဖွဲ့အ တွက် ပေဂျင်းမြို့တို့နှစ်ဦးနှစ်ဖက်ဆက်ဆံရေးဖလှယ် မှုအခမ်းအနားများ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ရွှေအုတ်ခဲ ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဦး လင်းအောင်(Mr.Zhang Linhong ) က “ ဖွင့်ပွဲပြီးရင် ၁၈ ရက်နေ့မှာ ညစာစား ပွဲကျင်းပခြင်း၊ ၁၉ ရက်နေ့ နံနက် ၉နာရီမှာ သံဃာ တော်တွေကို Spring Line Project လုပ်ငန်းအတွက် အန္တာရာယ်ကင်း/ပရိတ်တရားနာယူပွဲတွေကို ကျင်းပ မယ်။ မြန်မာနိုင်ငံရဲ့ တိုးတက်မှုများနှင့်အတူ ပူးပေါင်းပါဝင်လာနိုင်ဖို့ အထူးမျှော်လင့်ပါတယ်”လို့ ရှင်းလင်းပွဲ တွင် ပြောဆိုခဲ့ပါသည်။

Spring Line Project ကို ၂၀၁၅ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၄ နှစ်တာသက် တမ်းအတွင်း လုပ်ငန်းပြီးမြောက်အောင်မြင်သည်အထိ အားပေးကူညီခဲ့ကြသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း၊ လာမယ့် ဆယ်စုနှစ် တစ်ခု၊ နှစ်ခု အတွင်း အရှေ့တောင်အာရှနိုင်ငံများသည် စီးပွားရေးလုပ် ငန်းများ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာပြီး အချက် အခြာကျသည့် ဒေသတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ဟုလည်း ရွှေအုတ်ခဲ ဆောက်လုပ်ရေးကုမ္ပဏီ၏ CEO က ပြောဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.