Connect with us

Economy

တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ နှီးနှောဖလှယ်ပွဲ ရန်ကုန် မြို့တွင် ကျင်းပ

တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ နှီးနှောဖလှယ်ပွဲ တွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူး နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ကြီးမှူးကျင်းပ သည့် ပထမ အကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင် များ နှီးနှောဖလှယ်ပွဲ ကို မတ်လ ၂၆ ရက်နေ့ ညပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ် တွင် ကျင်းပ ပြုလုပ်ခဲ့သည်။အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ဇနီး ဝမ်ရွှဲဟုန် (Ms.Wang Xuehong) ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး မစ္စ လီရှောင်ယန် (Ms.Li Xiaoyan) ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး ရှဲကော်ရှန် (Xie Guoxiang) နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦး ၊ မြန်မာ နိုင်ငံ ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်း ၊ မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း ဥက္ကဋ္ဌ လျိုယင် (Liu Ying) နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ စီးပွားရေး လုပ်ငန်းရှင် များ အခမ်းအနား ကို တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ စာရင်းပြုစုချက်အရ ၂၀၁၇ ခုနှစ် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ သည် အမေရိကန် ဒေါ်လာ ၁၃.၅၄ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ၊ ယခုနှစ်ပိုင်းတွင် မြန်မာ နိုင်ငံ ၏ နိုင်ငံတကာ စီးပွားရေး ဈေးကွက် သို့ တဖြည်းဖြည်း ပိုမို ဝင်ရောက်လာခြင်း နှင့် တရုတ် နိုင်ငံ နှင့် အတူတကွ ခေတ်သစ်ပိုးလမ်းမကြီး အား အတူတကွ တည်ဆောက်ရေးတွင် ပါဝင်လာခြင်း တို့ကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ တွင် လွန်စွာကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ နှင့် ကောင်းမွန်သည့် အနာဂတ် တို့ကို ရရှိစေခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သက်ဆိုင်ရာ ဌာန အသီးသီး အနေဖြင့်လည်း နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရေး အတွက် ပေါင်းကူးတံတာ သဖွယ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေခြင်း ဟူသော အခြေခံမူဝါဒ ဖြင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းစေကာ သဘောတူညီမှုများစွာလည်း ရရှိနိုင်ခဲ့ကြောင်း ၊ လတ်တလော နှစ်ပိုင်းတွင် တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှု များကို ပိုမိုတိုးမြှင့်လာ ခဲ့ပြီး မြန်မာ နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်သည့် တွန်းအားပေး ဆောင်ရွက်မှု တစ်ခု ဖြစ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း ဥက္ကဋ္ဌ လျိုယင် က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် အတူတကွ နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အတွက် အတူတကွဆွေးနွေးခွင့် ရရှိခဲ့သည့် အတွက် လွန်စွာ ဝမ်းမြောက်မိကြောင်း ၊ လက်ရှိချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ စီးပွားရေးလုပ်ငန်း ကဏ္ဍ အသီးသီး တွင် ပူးပေါင်းဆောင်ရွက်မှု များ တိုးချဲ့ နိုင်ခဲ့သည့် အတွက် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အတွက်လည်း အခွင့်အလမ်း ဖြစ်တည်စေခဲ့ကြောင်း ၊ ယခုကျင်းပ ပြုလုပ်ခဲ့သည့် နှီးနှောဖလှယ်ပွဲ သည် နှစ်နိုင်ငံ လုပ်ငန်းရှင်များ အတွက် ကောင်းမွန်သည့် ဆက်သွယ်မှု ယန္တယား ဖြစ်စေခဲ့ပြီး အတူတကွ ယင်းအခွင့်အရေး ကို ဆုပ်ကိုင်ကာ လုပ်ငန်းဆောင်ရွက်မှုများ ပိုမို အကောင်အထည်ဖော်ဆောင်ရွက် သွားရန်မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦး က အမှာစကား ပြောကြားရာတွင် လတ်တလောရက်ပိုင်း တွင် တရုတ် နိုင်ငံ ၌ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးမှု ပွဲ ကို လိုက်ပါသွားခဲ့ကြောင်း ၊ မြန်မာ-တရုတ် စီးပွားရေး စြင်္က ံ သည် မြန်မာ နိုင်ငံ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် ကောင်းမွန်သည့် အလားအလာ ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် စီးပွားရေး အသိုက်အဝန်း တည်ဆောက်ရေးသည် နှစ်နိုင်ငံ စီးပွားရေး ကို ပိုမို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် စီးပွားရေး စြင်္က ံ က နှစ်နိုင်ငံ ကဏ္ဍ အသီးသီး ကို အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပြီး နှစ်နိုင်ငံ လူမှုအသိုက်အဝန်း ကိုလည်း တိုးတက်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦး က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က အမှာစကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံံရေးသည် ရှည်လျားသည့် သမိုင်းကြောင်း တည်ရှိခဲ့ပြီး ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်တွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်နိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နီးကပ်သည့် အိမ်နီးချင်းဖြစ်ရုံသာမက အလွန်အရေးပါသော ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်ကြောင်း ၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ က မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်မှု မိတ်ဖက် နိုင်ငံ ဖြစ်လာခဲ့ပြီး စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု၏ ၂၈ ရာခိုင်နှုန်းရှိကာ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်း ပိုမို မြင့်တက်လာခဲ့ကြောင်း ၊ ထို့ပြင် တရုတ်နိုင်ငံသည် အာဆီယံ၏ ထိပ်တန်း အဓိက ကုန်သွယ်ဖက်နို်င်ငံလည်း ဖြစ်ပြီး တရုတ် နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကြောင့် မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း နှင့် ကုန်သွယ်မှုသည်လည်း တိုးတက်လာခဲ့ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ နှီးနှောဖလှယ်ပွဲ မှ တစ်ဆင့် မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး တို့ကို မြှင့်တင်ပေး နိုင်မည် ဖြစ်သောကြောင့် ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း ဥက္ကဋ္ဌ လျိုယင် က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ နှီးနှောဖလှယ်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က အမှာစကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ အနေဖြင့် စီးပွားရေး စြင်္က ံ တည်ဆောက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ကို ရေးထိုး နိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ စီးပွားရေး စြင်္က ံသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု အတွက်လည်း အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ တရုတ်-မြန်မာ စီးပွားရေး အသိုက်အဝန်း တည်ဆောက်ရာတွင် ကောင်းမွန် ပြီး ခိုင်မာ သည့် မိတ်ဖက် ဆက်ဆံရေး လိုအပ်ကြောင်း ၊ လက်ရှိချိန်တွန် တရုတ်-မြန်မာ စီးပွားရေး ကောင်စီ တည်ထောင်ရန် စဉ်းစားသင့်ပြီး တရုတ် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ စီးပွားရေး စြင်္က ံ တည်ဆောက်ရေး တွင် ပူးပေါင်း ပါဝင်သွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် လက်ရှိချိန်တွင် အကူးအပြောင်းကာလ သို့ရောက်ရှိနေပြီး အချိန်တည်းတွင် အခွင့်အလမ်း နှင့် စိန်ခေါ်မှုများစွာ ကိုလည်း ကြုံတွေ့နေကြောင်း ၊ ထို့ကြောင့် မြန်မာ နိုင်ငံ စီးပွားရေး အသွင်ကူးပြောင်းမှု အောင်မြင်ခြင်း ရရှိရန် အတွက် ပါဝင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ၏ စီးပွားရေး ခိုင်မာတောင့်တင်းခြင်း သည် မြန်မာ နိုင်ငံ အား တောက်ပသော အနာဂတ် တစ်ခု ကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၊ ရခိုင်အရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ယင်း စိန်ခေါ်မှု ၃ ခု ကို ကျော်လွှားနိုင်ရန် အတွက် တရုတ် နိုင်ငံ အနေဖြင့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ကြီးမှူး ကျင်းပ ပြုလုပ် ပေးခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်ကြီးများ နှီးနှောဖလှယ်ပွဲ သည် ပထမဆုံး အကြိမ် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေး နယ်ပယ် ကဏ္ဍ အသီးသီး မှ စီးပွားရေး လုပ်ငန်းရှင်ကြီးများ နှင့် ကိုယ်စားလှယ် အသီးသီး တို့က တက်ရောက်ခဲ့ကြသည်။ နှစ်နိုင်ငံ လုပ်ငန်းရှင်များ အတွေးအမြင် များအား ရင်းရင်းနှီးနှီး ဖလှယ် နိုင်ရန် အတွက် ရည်ရွယ်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှီးနှောဖလှယ်ပွဲ သို့ နှစ်နိုင်ငံ ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်ပေါင်း ၂၀၀ ခန့် တက်ရောက် ခဲ့ကြသည်။(Xinhua)