Connect with us

Economy

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇွန် ၁၇ ရက်အထိ ခုနှစ်လတာအတွင်း GACC ၌ မှတ်ပုံတင်ရန်လျှောက်ထားသည့်ကုန်ပစ္စည်းပေါင်း ၁,၄၀၀ ကျော်ရှိ

မြန်မာ-တရုတ် နှစ်နိုင်ငံ မူဆယ် နယ်စပ်ဂိတ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇွန် ၁၇ ရက်အထိ ခုနှစ်လတာအတွင်း တရုတ်နိုင်ငံ The General Administration of Customs of the People’s Republic of China- GACC (GACC) ၌ မှတ်ပုံတင်ရန်လျှောက်ထားပြီးသည့် ကုန်ပစ္စည်းပေါင်း ၁,၄၀၀ ကျော်ရှိပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းမင်းက ဆင်ဟွာသို့ ယနေ့ ဇွန် ၂၃ ရက်တွင် ပြောသည်။

ဦးမင်းမင်းက “GACC မှာ မှတ်ပုံတင်လျှောက်ထားပြီးတဲ့ ကုန်ပစ္စည်းပေါင်း က ၁,၄၀၀ ကျော်ပါပြီ။ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ကနေ ဆောင်ရွက်နေတာပါ။’’ ဟု ပြောသည်။

လျှောက်ထားသည့်ကုန်ပစ္စည်းများမှာ စိုက်ပျိုးရေးထွက်ကုန်များ၊ ရေထွက်ကုန်လုပ်ငန်းများ၊ မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ၊ တခြားကုန်ပစ္စည်းများနှင့် အစားအသောက်ထုတ်လုပ်တင်ပို့သည့်လုပ်ငန်းများမှ မှတ်ပုံတင်ရန် လျှောက်ထားကြခြင်းဖြစ် ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ စားသောက်ကုန်၊ လယ်ယာထွက်နှင့် မွေးမြူရေးထုတ်ကုန်များ တင်ပို့လျက်ရှိသော (သို့မဟုတ်) တင်ပို့လိုသော မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများကို တရုတ်နိုင်ငံ GACC တွင် လုပ်ငန်းမှတ်ပုံတင်ခြင်းကို ကုန်သည်အသင်းအဖွဲ့များမှသော်၎င်း၊ ကုန်စည်အုပ်စုအလိုက် ဆက်သွယ်လျှောက်ထားမှုများကို သက်ဆိုင်ရာ Competent Authority များမှ တာဝန်ယူဆောင်ရွက်ပေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117