Connect with us

Economy

ဇွန် ၁၁ ရက်မှ ၁၇ ရက်အတွင်း လွယ်ဂျယ်နှင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄,၁၇၁,၈၄၈.၃၉ သန်း တင်ပို့နိုင်

ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းအားတွေ့ရစဉ် (ဓာတ်ပုံ-စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် ဇွန် ၁၁ ရက်မှ ၁၇ ရက်အတွင်း ကချင်ပြည်နယ် လွယ်ဂျယ်နှင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ တင်ပို့ကုန်၏ ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄,၁၇၁,၈၄၈.၃၉ သန်း ရှိခဲ့ကြောင်း မနောမြေကုန်သွယ်မှုဗဟိုဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၁,၉၉၆,၁၇၂. ၇၁ သန်းဖြစ်ပြီး ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏ မှာ အမေရိကန်ဒေါ်လာ ၂,၁၇၅,၆၇၅.၆၈ သန်းရှိခဲ့ကြောင်း သိရသည်။

တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ပဲတီစိမ်း၊ ပဲယဉ်း၊ နှမ်းနက်၊ ကြံ၊ ဆန်၊ မြေထောက်ပဲ၊ ဆန်ကွဲ၊ ကြိမ် နှင့် မန်းကျည်းမှည့်များ အများဆုံးတင်ပို့ခဲ့ကြောင်း၊ သွင်းကုန်များတွင် သံနှင့် သံမဏိဆောက် လုပ်ရေးပစ္စည်းများ၊ ချည်ထည်များ၊ အခြားချည်ခင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လယ်ထွန်စက်များ၊ ချုပ်ပြီး အဝတ်အထည်များ၊ ဓာတ်မြေသြဇာများ၊စက်နှင့် စက်ပစ္စည်းများ၊ မော်တော်ယာဉ် နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ စက်ဘီး အပိုပစ္စည်းများနှင့် သံပိုက်များ တင်သွင်းခဲ့ကြကြောင်း သိရသည်။

ကြံတင်ပို့သည့် လုပ်ငန်းရှင်တစ်ဦးက “တရုတ်ကတော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ ဈေးကွက်ဝယ်လိုအားကြီးတဲ့ နိုင်ငံလည်းဖြစ်တယ်။ COVID-19 ကန့်သတ်ချက်တွေနဲ့ တခြားကန့်သတ်ချက်တချို့ဖြေလျှော့လိုက်ရင် ကုန်သွယ်ရေးက အခုထက်ပိုပြီး ကောင်းမွန်လာမယ်လို့ ထင်ပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ ဇွန် ၂၄ ရက် တွင်ပြောသည်။ (Xinhua)