Connect with us

Economy

COVID-19ရောဂါကြောင့် ရပ်နားထားခဲ့ရသော တရုတ်နိုင်ငံရှမန်မြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲ

ရှမန်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲခြင်း အမှတ်တရဓာတ်ပုံရိုက်ကူးမှုကို ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Yangon International Airport)

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ရှမန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက ဆင်းသက်ခဲ့ပြီး COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံ ရှမန်မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့အကြား တိုက်ရိုက်ခရီးစဉ် ပျံသန်းမှု ပြန်လည်စတင်ခြင်း အထိမ်းအမှတ်ဖြစ်သည်။

ရှမန်လေလေကြောင်းလိုင်းမှယာဉ်အား ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Yangon International Airport)

ရှမန်လေကြောင်းလိုင်းသည် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလတွင် ရှမန်မြို့နှင့် ရန်ကုန်မြို့တို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်အားလုံးကို ဆိုင်းငံ့ထားပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်မှ စတင်ကာ အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင်သုံးကြိမ်ဖြင့် တရုတ်နိုင်ငံအရှေ့တောင်ပိုင်းရှိ ရှမန်မြို့နှင့် မြန်မာနိုင်ငံရန်ကုန်မြို့ကြားလေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။

လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ခြင်းသည် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်နှင့် မြန်မာနိုင်ငံကြား စီးပွားရေးနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ဖလှယ်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားမှုကြောင့် ခရီးသည်တင်လေယာဉ်များအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နှစ်နှစ်ကျော်ကြာ ရပ်ဆိုင်းထားပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည် စုစုပေါင်း ၂၃၃,၄၈၇ ဦးဝင်ရောက်ခဲ့ပြီး ထိုကာလအတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု၏ အများဆုံးသောနိုင်ငံတစ်ခုဖြစ်ကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117