Connect with us

Sino-Myanmar

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် မုန့်ဖုတ်နည်း အခြေခံသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် မုန့်ဖုတ်နည်း အခြေခံသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနား မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် “The Establishment of Bakery & Pastry Training Project” စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် မုန့်ဖုတ်နည်းအခြေခံသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲ နှင့် အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်၌ စီမံကိန်း ဖော်ဆောင်ရာ ရန်ကုန်မြို့၊ ဗိုလ်ဆွန်ပက်လမ်းရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင် က ဆင်ဟွာသို့ စက်တင်ဘာ ၂၆ ရက်တွင်ပြောသည်။

လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် မုန့်ဖုတ်နည်း အခြေခံသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနား မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန)

လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် မုန့်ဖုတ်နည်း အခြေခံသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနား မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန)

လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် မုန့်ဖုတ်နည်း အခြေခံသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနား မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန)

လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် မုန့်ဖုတ်နည်း အခြေခံသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနား မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန)

လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် မုန့်ဖုတ်နည်း အခြေခံသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနား မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန)

လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် မုန့်ဖုတ်နည်း အခြေခံသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနား မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန)

ဦးနောင်နောင်လင်းအောင်က “ကျွန်တော်တို့စီမံကိန်းက အခွင့်အလမ်း နည်းပါးသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စီးပွားရေးအခွင့်အလမ်းတွေရရှိဖို့အတွက် Bakery နဲ့ Pastry သင်တန်းလေးဖွင့်တာပေါ့နော်။ သင်တန်းစဖွင့်ကတည်းက အမျိုးသမီးပါဝင်မှုနှုန်းများအောင်၊ နောက်ပြီး မသန်စွမ်းပေါ့၊ နောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ နည်းပါးသူတွေပေါ့။ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိအောင်၊ သူတို့ SME လုပ်ငန်းလေးတွေလုပ်နေတယ်ဆိုရင် သူတို့လုပ်ငန်းလေးတွေ စနစ်တကျနဲ့တိုးတက်လာအောင် ရည်ရွယ်ပြီး စနစ်တကျ စိစစ်ရွေးချယ်ဖွင့်လှစ်ခဲ့တာပါ” ဟု ပြောသည်။
သင်တန်းအပတ်စဉ် တစ်ခုလျှင် သင်တန်းသားဦးရေ ၂၀ ဖြင့် ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။

“အားလုံးပေါင်း သင်တန်း ၁၀ ကြိမ်ဖွင့်လှစ်ပြီး လူအယောက် ၂၀၀ မွေးထုတ်မှာပါ။ အဲဒီထဲကမှ တော်တဲ့လူတွေကို ဆရာဖြစ်သင်တန်းပေးလိုက်ပြီးတော့ အလားတူပဲ နယ်စပ်ရေးရာမှာရှိတဲ့ တိုင်းရင်းသားတွေအတွက် သင်ကြားတဲ့ သင်တန်းကျောင်းတွေ၊ ခရီးသွားနယ်ပယ်က သင်တန်းကျောင်းတွေ၊ လူမှုဝန်ထမ်းက သင်တန်းကျောင်းတွေမှာ ဆရာ အယောက် ၁၀၀ ပြန်မွေးထုတ်ပြီးတော့ စီမံကိန်းပြီးသွားလည်း ဒီဆရာတွေက အလားတူသင်တန်းတွေ ဆက်လက်ပြီး ပို့ချနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဦးနောင်နောင်လင်းအောင် က ဖြည့်စွက်ပြောကြားသည်။

“The Establishment of Bakery & Pastry Training Project” ၏ အပတ်စဉ် (၁) နှင့် (၂) သင်ကြားပို့ချပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် အပတ်စဉ် (၂) သင်တန်းအောင်မြင်ခဲ့ကြသော သင်တန်းသား/သင်တန်းသူ (၂၀) ဦးကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသား (၁) ဦးကို ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစီမံကိန်းသည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် အခွင့်အရေးကို လက်လှမ်းမမီသော လူငယ်လူရွယ်များ၊ ဒေသခံများနှင့် အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရန် ရည်ရွယ်ဖော်ဆောင်ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း နိုင်ငံတကာမုန့်အမျိုးအစား (၄၈) မျိုးကို စာတွေ့လက်တွေ့သင်ခန်းစာများဖြင့် ရတ်သတ္တပတ် (၄) ပတ်ကြာ သင်ကြားပို့ချခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

“ကျွန်တော်တို့ ခရီးသွားနယ်ပယ်အတွက် လိုအပ်နေတဲ့ ခရီးသွားနယ်ပယ်မှာ လူ့စွမ်းအားအရင်းအမြစ်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် အခုလို လိုအပ်တဲ့နေရာတွေမှာ ဖြည့်စွက်ပြီးတော့ အထောက်အပံ့တွေ၊ အကူအညီတွေရရှိနေတဲ့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရော၊ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရော၊ ဒါနဲ့ပတ်သက်ပြီး ဝိုင်းဝန်းဆောင်ရွက်ကြတဲ့ လူတွေအကုန်လုံးကို ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်” ဟု ဦးနောင်နောင်လင်းအောင်က ပြောသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.