Connect with us

Economy

မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်

မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကို ယနေ့ (စက်တင်ဘာ ၂၅ ရက်) တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ထံမှ သိရသည်။

မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား (ဆင်ဟွာ)

မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား (ဆင်ဟွာ)

မဲခေါင်-လန်ချန်းဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးကို အကောင်အထည်ဖော်ရာတွင် ဒစ်ဂျစ်တယ် အသုံးပြုမှု ကျွမ်းကျင်လာစေရန် လိုအပ်သောနည်းပညာများနှင့် အသိပညာ ရရှိ စေရန်ရည်ရွယ်၍
“မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကို စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား (ဆင်ဟွာ)

မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား (ဆင်ဟွာ)

မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား (ဆင်ဟွာ)

အဆိုပါ သင်တန်းကိုပြည်ထောင်စုဝန်ကြီးရုံး၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုနယ်မြေတို့မှ သင်တန်းသူ/သား ၄၂ ဦးတက်ရောက်ပြီး Online မှတစ်ဆင့် ၅၈ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်စတင်ခဲ့သည့် အချိန်မှ စ၍ စီမံကိန်းပေါင်း (၁၀၆) ခုကို နယ်ပယ်စုံတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုစီမံကိန်းသည် တစ်ခု အပါ အဝင်ဖြစ်ကြောင်း ၊ ယနေ့ကမ္ဘာတွင် ကြုံတွေ့နေရသည့် စီးပွားရေးဆိုင်ရာ ပဋိက္ခများ၊ ကုန်သွယ်မှုဆိုင်ရာပြဿနာများ အစရှိသည့် စိန်ခေါ်မှုများကို မဲခေါင်-လန်ချန်း နိုင်ငံများအပါအဝင် နိုင်ငံအများအပြား၌ ရိုက်ခတ်လျက်ရှိ၍ မိမိတို့အနေဖြင့် ဒေသတွင်းနိုင်ငံများ ၊ အိမ်နီးချင်းနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်သည်ကို နားလည်ယုံကြည်ကြောင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်းက ပြောကြားသည်။

ကမ္ဘာ့ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်အတွင်း အတူတကွလိုက်ပါစီးမျောနိုင်ရန် မြန်မာနိုင်ငံရှိ MSME များသည် ဒစ်ဂျစ်တယ် စီးပွားရေးအသွင်ကူးပြောင်းခြင်းသည် များစွာအရေးပါကြောင်း၊ MSME များအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးအသွင်ကူးပြောင်းလုပ်ဆောင်ပြီး အခွင့်အလမ်းသစ်များ ကို ဖမ်းဆုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ၊ ယခုဖွင့်လှစ်သည့် (၅) ရက်တာ သင်တန်းမှ မျှော်မှန်းရလဒ်များရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါသင်တန်းတွင် E-Business ပုံစံများနှင့် သဘောတရားများ၊ MSME များ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲမှု အလေ့အကျင့်များ၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် မဟာဗျူဟာ နှင့် စီမံခန့်ခွဲမှု၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲရန် နည်းပညာလိုအပ်မှု၊ မဲခေါင်-လန်ချန်း ဒေသတွင်းရှိ နိုင်ငံများတွင် ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲရန် အဆင်သင့်ရှိရမည့် အချက်များ၊ ဒစ်ဂျစ်တယ်ဆန်းသစ်ခြင်းနှင့် ပြောင်းလဲခြင်းများအတွက် မဲခေါင်-လန်ချန်း ဒေသတွင်းရှိ MSME များ၏ ကောင်းမွန်သည့် အလေ့အကျင့်များ၊ MSME များ၏ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်မြှင့်တင်နိုင်ရန် အလိုအပ်ဆုံးသော ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုများ၊ Data Management and Cybersecurity ဆိုင်ရာများ၊ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ပြောင်းလဲရန် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို (၅)ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

” ဒစ်ဂျစ်တယ်ဆိုင်ရာ အခြေခံသဘောတရား တွေ၊ အင်တာနက်ကို ထိထိရောက်ရောက် ဘယ်လိုအသုံးပြုလဲဆိုတာတွေ၊ လူမှုကွန်ရက်မှာ လွှင့်တင် မယ့် အရောင်းမြှင့်တင်ရေး စာသားတွေကို ဘယ်လိုပြင်ဆင်ဆောင်ရွက်တယ်ဆိုတာတွေ သိခဲ့ရတယ်” ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ သင်တန်းသူတစ်ဦးက သင်တန်း ပထမနေ့အတွေ့အကြုံကို ဆင်ဟွာသို့ပြောသည်။

ယင်း သင်တန်းဖွင့်ပွဲအခမ်းအနားကိုနေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပြီး စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဆက်စပ်ဝန်ကြီးဌာန များမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်းဒေသမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့်စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)