Connect with us

Sino-Myanmar

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေခံမုန့်ဖုတ်နည်းသင်တန်းက တက်ရောက်သည့် သင်တန်းသားများအတွက် အခွင့်အလမ်းတစ်ခုဟုဆို (သတင်းဆောင်းပါး)

လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် မုန့်ဖုတ်နည်း အခြေခံသင်တန်း အမှတ်စဉ် (၄) သင်တန်းသားများမှ လက်တွေ့မုန့်ဖုတ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေခံမုန့်ဖုတ်နည်းသင်တန်းက တက်ရောက်သည့် သင်တန်းသားများအတွက် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးနိုင်ကြောင်း သင်တန်းသားများ၏ ပြောကြားချက်အရ သိရသည်။

လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် မုန့်ဖုတ်နည်း အခြေခံသင်တန်း အမှတ်စဉ် (၄) သင်တန်းသားများမှ လက်တွေ့မုန့်ဖုတ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် မုန့်ဖုတ်နည်း အခြေခံသင်တန်း အမှတ်စဉ် (၄) သင်တန်းသားများမှ လက်တွေ့မုန့်ဖုတ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အခြခံမုန့်ဖုတ်သင်တန်း အပတ်စဉ် (၄) ကို တက်ရောက်လျက်ရှိသူ အသက် ၃၅ နှစ် အရွယ်ရှိ ကိုထွန်းထွန်းနိုင်က “ ဒီသင်တန်းကို Facebook ကနေ တွေ့ရတယ်။ အသက်မွေးဝမ်းကြောင်းသင်တန်းဆိုပြီး တက်ဖြစ်တာပါ။ ကျွန်တော်က အခုသင်တန်းမတက်ခင်မှာ ဧည့်လမ်းညွှန်အလုပ်က ကျွန်တော့်ရဲ့မူလအသက်မွေးဝမ်းကြောင်းအလုပ်ပါ။ အခုမှာက ဧည့်သည်တွေကပါးတော့ ကျွန်တော်အနေနဲ့ အသက်မွေးဝမ်းကြောင်း တစ်ခုကို ထပ်ရွေးရတော့မယ်။ ဒါကြောင့် အခုသင်တန်းကို တက်ဖြစ်တာပါ” ဟု ဆင်ဟွာသို့ပြောသည်။

ကိုထွန်းထွန်းနိုင်အနေဖြင့် ယခုသင်တန်းပြီးဆုံးပါက ပြည်ပနိုင်ငံတစ်ခုခုတွင် မုန့်ဖုတ်သည့် အချိန်ပိုင်းအလုပ်လုပ်ရင်းဖြင့် မုန့်ဖုတ်ပညာကို ဆက်လက်သင်ယူသွားရန် ရည်ရွယ်ထားကြောင်း ၎င်း၏ စိတ်အားထက်သန်စွာ ပြောကြားချက်အရ သိရသည်။

အဆိုပါ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် “The Establishment of Bakery & Pastry Training Project” စီမံကိန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းများကို တရုတ်နိုင်ငံမှ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ သင်တန်းအပတ်စဉ် ပေါင်း ၁၀ခုအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းအပတ်စဉ် တစ်ခုလျှင် သင်တန်းသားဦးရေ ၂၀ ဖြင့် ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။

လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် မုန့်ဖုတ်နည်း အခြေခံသင်တန်း အမှတ်စဉ် (၄) သင်တန်းသားများမှ လက်တွေ့မုန့်ဖုတ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် မုန့်ဖုတ်နည်း အခြေခံသင်တန်း အမှတ်စဉ် (၄) သင်တန်းသားများမှ လက်တွေ့မုန့်ဖုတ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အခြခံမုန့်ဖုတ်နည်းသင်တန်း အပတ်စဉ် (၄) ကို တက်ရောက်လျက်ရှိသူ အသက် ၃၃ နှစ် အရွယ်ရှိ မရူပါက “ ကျွန်မက မုန့်လုပ်ငန်းတစ်ပိုင်တစ်နိုင်လေးလုပ်ချင်တာ။ Menu လေးတွေကို ထပ်ပြီးလေ့လာချင်တယ်ပေါ့။ သူငယ်ချင်းနဲ့တိုင်ပင်တော့ တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်တဲ့အတွက် ငွေအရင်းအနှီးလည်း အများကြီး မတတ်နိုင်တော့ ဒီသင်တန်းက Scholar ပေးတော့ တက်ဖြစ်တာပါ” ဟု သင်တန်းတက်ဖြစ်သည့် အကြောင်းကို ရှင်းပြသည်။

မရူပါက ယခုသင်တန်းသည် အမျိုးသမီးများအတွက် အခွင့်အရေးပိုမိုရရှိကြောင်း၊ ၎င်းအနေဖြင့် မူလက waffle မုန့်လုပ်ငန်းလုပ်ကိုင်ကြောင်း၊ ယခုသင်တန်းပြီးဆုံးပါက ယခုသင်တန်းတွင် ပါဝင်သော မုန့်အမျိုးစားများထဲမှ ဈေးကွက်နှင့် လိုက်လျောမှုရှိသည့် မုန့်ကို Menu ထည့်ပြီး ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒီသင်တန်းက ၁၀၀ ရာခိုင်နှုန်း အကျိုးသက်ရောက်မှုရှိပါတယ်။ ကျွန်မအနေနဲ့ အရင် waffle မုန့်လုပ်ငန်းလည်း ဆက်လုပ်
မယ်။ ဒီသင်တန်းက မုန့်တွေကို လက်တွေ့ပြန်လေ့ကျင့်မှုတွေ လုပ်ပြီး Menu တစ်ခုထပ်လုပ်မှာပါ။ ဆိုင်လေးကို သူငယ်ချင်းနဲ့ ဆက်ပြီး လုပ်ဖို့ရှိပါတယ်။ ဆိုင်နာမည်ကိုတော့ မရွေးရသေးဘူး” ဟု မရူပါက ဖြည့်စွက်ပြောကြားသည်။

အဆိုပါမဲခေါင်-လန်ချန်း မံကိန်းသည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် အခွင့်အရေးကို လက်လှမ်းမမီသော လူငယ်လူရွယ်များ၊ ဒေသခံများနှင့် အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရန် ရည်ရွယ်ဖော်ဆောင်ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း နိုင်ငံတကာမုန့်အမျိုးအစား (၄၈) မျိုးကို စာတွေ့လက်တွေ့သင်ခန်းစာများဖြင့် ရတ်သတ္တပတ် (၄) ပတ်ကြာ သင်ကြားပို့ချခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။အသက် ၃၀ အရွယ်ရှိ မမေဦးအောင်က “ကျွန်မ carrier ကိုပြောင်းချင်လို့ ဒီသင်တန်းကို တက်ဖြစ်တာပါ။ အရင်က ကျွန်မက အထည်ချုပ်စက်ရုံမှာ HR မန်နေဂျာလုပ်တာပါ။ မြန်မာနိုင်ငံမှာ မဖွံ့ဖြိုးသေးတဲ့ နယ်တွေမှာ ဒီသင်တန်းလေးကို အသက်မွေးဝမ်းကြောင်းပညာရပ်အနေနဲ့ ပြန်လည်မျှဝေပေးသွားဖို့ရည်ရွယ်ပါတယ်။ ဘယ်လုပ်ငန်းမှာဖြစ်ဖြစ် အခြေခံက အရေးကြီးတယ်။ ဒီသင်တန်းက အရမ်းကို ကောင်းပါတယ်။ အခြေခံပိုင်းကို သေချာသင်ကြားတာဖြစ်တဲ့အတွက် ကျွန်မအတွက်တော့ ဒီသင်တန်းက ၁၀၀ ရာခိုင်နှုန်းလောက်ကို အကျိုးရှိပါတယ်” ဟုပြောသည်။

အသက် ၂၄ နှစ် အရွယ်ရှိ ကိုကျော်ကျော်အောင်ကလည်း “ကျွန်တော်က မိဘတွေကလည်း အသက်ကြီးပြီဆိုတော့ ကိုယ်ပိုင် ကော်ဖီဆိုင်အသေးလေးကို ဖွင့်ချင်လို့ ဒီသင်တန်းကို တက်ဖြစ်တာပါ။ ကော်ဖီဆိုင်လေးဖွင့်ဖြစ်ရင် လှိုင်မှာပဲ ဖွင့်ဖြစ်မှာပါ။ အစက ပေါင်မုန့်က စားပဲစားတတ်တာ။ ဒီသင်တန်းကို လာတက်တဲ့အတွက် အခြေခံကစပြီး အဆင့်ဆင့်ကို သိလာတယ်။ နောက်နှစ် အစလောက်မှာ ကော်ဖီဆိုင်လေး ဖွင့်ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ပြောသည်။

သင်တန်းဆရာ၊ ဆရာမများအနေဖြင့်လည်း မတတ်မချင်း သေချာသင်ကြားပေးကြောင်း သိရသည်။ သင်တန်းသားများကို ပညာဒါနဖြစ်သော်လည်း များစွာစေတနာထား၍ သင်ကြားပေးကြောင်း သင်တန်းတက်ရောက်သူများ၏ ပြောကြားချက်အရ သိရသည်။
“ဒီသင်တန်းရဲ့ certificate က လူတိုင်း အသိအမှတ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ ဒီလက်မှတ်က ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ မဲခေါင်-လန်ချန်း တို့က ပေးတာဖြစ်တဲ့အတွက် နေရာတိုင်းမှာ အလုပ်ရှာရင်လည်း အရမ်းအထောက်အကူပြုတယ်လို့ထင်ပါတယ်” ဟု ကိုကျော်ကျော်အောင် ဖြည့်စွက်ပြောကြားသည်။

သင်တန်းတွင် ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ပျော်ရွှင်စွာ မုန့်ဖုတ်ရန် ပြင်ဆင်လျက်ရှိသည်။ သင်တန်းသားများအချင်းချင်း စလိုက်၊ နောက်လိုက်ဖြင့် ပျော်ရွှင်စွာ မုန့်များပြုလုပ်လျက်ရှိသည်။ အခန်းထဲတွင် မုန့်ရနံ့များကမွှေးကြိုင်လျက်ရှိသည်။

Bakery & Pastry Training အတွက် အဓိကတာဝန်ယူ သင်ကြားပေးလျက်ရှိသည့် Trainer ဒေါ်ချောစုခိုင်က “သင်တန်းအမှတ်စဉ် (၁) ကနေ (၁၀) အထိ သင်ကြားမှာပါ။ ပေါင်မုန့်နဲ့ ကိတ်လုပ်နည်း အစုံပါပါတယ်။ မုန့်အမျိုးအစားတွေကို ရွေးချယ်တဲ့အခါမှာ နယ်ပယ်ပေါင်းစုံအတွက် မျှအောင်စဉ်းစားပြီး သင်ကြားတာပါ။ မုန့်အမျိုးအစားအမြင့်လိုင်းနဲ့ ဖြန့်ချိရေးမှာ အသုံးများတဲ့ အမျိုးအစား ၂ ခုစလုံးကို မျှအောင်သင်ကြားပေးတာပါ” ဟုပြောသည်။
ယင်းသင်တန်းတွင် စာတွေ့နှင့် လက်တွေ့ကို မျှ၍သင်ကြားပေးကြောင်း သိရသည်။ သင်တန်းတွင် စာမေးပွဲများလည်း စစ်ဆေးမှုရှိကြောင်း သိရသည်။
“ဒီသင်တန်းလေးက မဲခေါင်-လန်ချန်း စီမံကိန်းက fund ငွေနဲ့ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ကျောင်းသားတွေအနေနဲ့ သင်တန်းကြေးအခမဲ့နဲ့ တက်ခွင့်ရတယ်။ နောက်ပြီး ကုန်ကြမ်းတွေအနေနဲ့လည်း ကျောင်းကပဲ အစအဆုံးထောက်ပံ့ပေးတယ်။ ကျောင်းသားတွေကလည်း သူတို့အနေနဲ့ အကောင်းဆုံးသင်ကြားကြတာတွေ့ရတယ်” ဟု ဒေါ်ချောစုခိုင်က ဖြည့်စွက်ပြောကြားသည်။

ယခုသင်တန်းမျိုး ပြင်ပတွင် တက်ရောက်ပါက သင်တန်းကြေး ၅၀၀,၀၀၀ မှ ၆၀၀,၀၀၀ ကြားရှိကြောင်း သိရသည်။ သင်တန်းသားရွေးချယ်ရာတွင်လည်း အမှန်တကယ် စိတ်ပါဝင်စားသူများကို စိစစ်ရွေးချယ်ကြောင်း သိရသည်။
သင်တန်း၏ စီမံကိန်းမန်နေဂျာဖြစ်သူ ဒေါ်ကေသီနိုင်က “အခုဒီသင်တန်းက အပတ်စဉ် ၄ ပါ ။ အပတ်စဉ် ၅ က ရှေ့တစ်ပတ် တနင်္လာနေ့ စဖွင့်မှာပါ။ မိန်းကလေး၊ ယောက်ျားလေး Gender Equality ဖြစ်အောင်လုပ်ပေးပါတယ်။ သင်တန်းမှာ မိန်းကလေး ၆၀ ရာခိုင်နှုန်း၊ ယောက်ျားလေး ၄၀ ရာခိုင်နှုန်းပါပါတယ်။ သင်တန်းကို ကြေညာပါတယ်။ အသက် ၁၈ နှစ်ကနေ အသက် ၄၀ အတွင်းဖြစ်ရမယ်လို့ ငွေကြေးမတတ်နိုင်သူတို့၊ ဝေးလံခေါင်ဖျားက လူတို့ကို အဓိက ဦးစားပေးအနေနဲ့ခေါ်ပါတယ်” ဟုပြောသည်။

တရုတ်နိုင်ငံအနေဖြင့် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေခံမုန့်ဖုတ်နည်းသင်တန်းများကို ဆက်လက်၍ ပံ့ပိုးပေးသကဲ့သို့ မုန့်ဖုတ်နည်း အဆင့်မြင့် သင်တန်းများကိုလည်း သင်ကြားပေးစေချင်ကြောင်း သင်တန်းသားများ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117