Connect with us

Politics

ပြည်ထောက်စု လွှတ်တော် နာယက ဦးရွှေမန်းမှ တရုတ် နိုင်ငံ ပိုးလမ်းမကြီး စီမံကိန်းအား အပြည့်အဝ ထောက်ခံကြောင်း ပြောကြား

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးရွှေမန်း တရုတ်ပြည် ချစ်ကြည်ရေးခရီး မထွက်ခွာမီ ဆင်ဟွာ သတင်းဌာန၏ အင်တာဗျူး ဖြေကြားနေပုံ (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သ့ူ လွှတ်တော် ဥက္ကဌနှင့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုရေး ပါတီ (USDP) ဥက္ကဌ ဦးရွှေမန်းသည် ဧပြီလ (၂၅) ရက်နေ့က တရုတ် နိုင်ငံ သို့ ချစ်ကြည်ရေး အလည်အပတ် ခရီး မသွားရောက်မီ

လေဆိပ် တွင် ဆင်ဟွာ သတင်းဌာန ၏ အင်တာဗျူအား လက်ခံ ဖြေကြားခဲ့ပြီး တရုတ် နိုင်ငံ မှ အကောင်အထည်ဖော်မည့် ပိုးလမ်းမကြီး စီမံကိန်း ကို အပြည့်အဝ ထောက်ခံ ကြောင်း ပြောကြားခဲ့သည်။

ဦးရွှေမန်းမှ လက်ရှိ ပိုးလမ်းမကြီး စီမံကိန်း အား အလွန် စိတ်ဝင်စားကြောင်း ၊ ပိုးလမ်းမကြီး တစ်လျှောက် ရှိ နိုင်ငံ အသီးသီး ၏ ဖွံ့ဖြိုး တိုးတက်မှုသည် ပိုးလမ်းမကြီး နှင့် အတူ ဖြစ်ပေါ်လာမည် ဖြစ်သောကြောင့် လုပ်ဆောင်သင့်သော စီမံကိန်းကြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် ခရီးစဉ်သည် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက် အရ သွားရောက်ခြင်း ဖြစ်ကြောင်း ၊ ယခု သွားရောက်မည့် ခရီးစဉ်သည် အလွန်ရေးကြီးပြီး တန်ဖိုး ထားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ထိပ်တန်း ခေါင်းဆောင် များနှင့် တွေ့ဆုံ ရမည် ဖြစ်သောကြောင့် နှစ်နိုင်ငံ ချစ်ခင် ရင်းနှီးမှု နှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမို တိုးမြင့် လာမည် ဖြစ်သည့် အပြင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုရေး ပါတီ နှင့် တရုတ် ကွန်မြူနစ်ပါတီ နှစ်ပါတီကြား ပိုမို ရင်းနှီးစွာ ဆက်ဆံ သွားနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောကြား ရာတွင် လည်း ယခု အကြိမ် ကျင်းပ သော ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေမည် ဖြစ်ပြီး (USDP) အနေဖြင့် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ၊ တရားမျှတစွာ ရွေးကောက်ပွဲ အနိုင်ရရှိရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဦးရွှေမန်းမှ မြန်မာနိုင်ငံ မြောက်ပိုင်း အခြေအနေနှင့် ပတ်သက်၍ ပြောကြားရာတွင် တရုတ်နိုင်ငံသည် အခြားနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့ကြောင်း ၊ မြန်မာနိုင်ငံ၏ အချုပ်ခြာ အာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို လေးစားကြောင်း ၊ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွင် ဖြစ်ပွား ခဲ့သော ကိစ္စရပ် များ သည် မြန်မာ-တရုတ် ဆက်ဆံရေးကို ထိခိုက်မှု မရှိကြောင်း ၊ တရုတ် နိုင်ငံသည် အိမ်နီးချင်း ကောင်း နိုင်ငံ ဖြစ်ပြီး မိတ်ဆွေကောင်းလည်း ဖြစ်ကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ရန် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံ အနေဖြင့် နယ်စပ် ဒေသ တည်ငြိမ်မှု ရရှိရန် လိုအပ်ပြီး (USDP) အနေဖြင့်လည်း ထပ်တူထပ်မျှ ခံစားရကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် (Mr. Yang Houlan) မှ ဦးရွှေမန်းအား လေဆိပ်သို့ လိုက်လံ ပို့ဆောင် ပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117