Connect with us

Politics

တရုတ်နိုင်ငံ၌ တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၃၆၃ ဦး မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နယ်စပ်ဝင်ထွက်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

တရုတ်ပြည်တွင် တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၃၆၃ ဦးကို မြန်မာနိုင်ငံ ဘက်သို့ ပြန်လည် လွှဲပြောင်းပေးထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဌာနထံမှ သိရသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နယ်စပ် ဝင်ထွက်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို တရုတ်နိုင်ငံ ရွှေလီမြို့ နယ်စပ် ကာကွယ် စုံစမ်း စစ်ဆေးရေးဌာနတွင် ဇွန်လ ၂၄ ရက်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ အမှတ် (၇) ဌာနခွဲမှူး ဦးစောနိုင်နှင့် တရုတ်နိုင်ငံ ကာကွယ် စုံစမ်းစစ်ဆေးရေး ဌာနမှူး ဗိုလ်မှူးကြီး ရန်ဟိုင်ဖုန်းတို့၏ ညှိနှိုင်း ဆောင်ရွက်ချက်များ အရ ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၁၄ ရက် အထိ မြန်မာနိုင်ငံ သား အမျိုးသား ၃၁ဝ၊ အမျိုးသမီး ၅၃ ဦး စုစုပေါင်း ၃၆၃ ဦးအား လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ နန်းတော် မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်/ထွက် စခန်းရှေ့ မြေကွက်လပ်၌ ဇူလိုင်လ ၁၃ ရက်က ကျင်းပသော မြန်မာပြည်သို့ ပြန်လည် လွှဲပြောင်းခြင်း အခမ်းအနားတွင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ခြောက်ဦးအား လူဝင်မှု ကြီးကြပ်ရေး ဌာနခွဲ အမှတ် (၇) မူဆယ်ရုံးအဖွဲ့သို့ ထပ်မံ လွှဲပြောင်း ပေးခဲ့သည်။

မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်း ရောက်ရှိလာသူများသည် တရုတ်ပြည်အတွင်း အလုပ်လုပ်ခွင့် လက်မှတ်၊ နေထိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားခြင်း မရှိသည့် အတွက် တရုတ်ပြည် လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ဖမ်းဆီးခံရသူများ ဖြစ်ပြီး လူကုန်ကူး ရောင်းစားခံရသူ အမျိုးသမီးတစ်ဦး ပါရှိသဖြင့် မူဆယ်မြို့ စွမ်စော်ရပ် ကွက်ရှိ လူကုန်ကူးမှု ခံရသူများ (ယာယီ) စောင့်ရှောက်ရေး ဂေဟာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာနခွဲ (၇) ဌာနခွဲမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင်က တရုတ်ပြည် ရွှေလီမြို့ စီကိုင် အကျဉ်းထောင်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံ ထားရ သည့် မြန်မာနိုင်ငံသားများအား ထပ်မံ လွှဲပြောင်းပေးရန် တောင်းဆို ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.