Connect with us

Politics

မြန်မာနိုင်ငံ သမ္မတနှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံရာမှ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် အတွက် တရုတ်နိုင်ငံမှ ထောက်ပံ့ ကူညီမည်ဖြစ်ကြောင်း ပြောကြား

မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

အူလန်ဘာတာ ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်နှင့် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်တို့သည် ဇူလိုင်လ ၁၆ ရက်တွင် မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာ မြို့တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် တရုတ်နိုင်ငံမှ ထောက်ပံ့ ကူညီသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်မှ ပြောကြား ခဲ့ပါသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်အား ပေးပို့ခဲ့သည့် နှုတ်ဆက်စကားအား ဦးစွာ ပြောကြား ခဲ့ပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၆၆ နှစ်တာ ကာလ တစ်လျှောက်လုံးတွင် နှစ်နိုင်ငံမှ ပူးပေါင်း ဖော်ဆောင်ခဲ့သည့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်ကိုအခြေခံပြီး မိတ်ဆွေ အိမ်နီးချင်း ဆက်ဆံရေးကို အဆက်မပြတ် တိုးမြှင့် နိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် မြန်မာနိုင်ငံ ပြည်သူလူထုမှ ရွေးချယ်ခဲ့သော မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို လေးစားမှု ထားရှိကြောင်း ၊ မြန်မာနိုင်ငံ အစိုးရနှင့် ပူးပေါင်း၍ နှစ်နိုင်ငံ ရေရှည် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက် သွားရန် အတူတကွ တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အဆင့်မြင့် အစိုးရ အဖွဲ့ဝင်များ ပိုမို တွေ့ဆုံခြင်းဖြင့် နှစ်နုင်ငံ နိုင်ငံရေး အရ ယုံကြည်မှု တိုးမြှင့် နိုင်ရေးနှင့် ခေတ်သစ် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစီအစဉ်များ ရေးဆွဲသွားလိုကြောင်း ပြောကြား ခဲ့ပါသည်။
ထိုနောက် လီခဲ့ချန်မှ တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးသည် အပြန်အလှန် လွန်စွာ အကျိုးပြုနိုင်ပြီး ပူးပေါင်း ဆောင်ရွက်မှု အလားအလာ အလွန်ကြီးမားကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံနှင့် အတူတကွ ဖွံဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက် သွားလိုပြီး အခြေခံ အဆောက်အဦး ၊ ပညာရေး ၊ ကျန်းမာရေး နှင့် ရေအရင်းအမြစ် စသည့် ကဏ္ဍများတွင် ပူပေါင်းဆောင်ရွက် သွားလိုကြောင်း ၊ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုဘဝ မြှင့်တင် နိုင်ရေးတွင် ထောက်ခံအားပေးသွားမည် ဖြစ်ပြီး အပြန်အလှန် အကျိုးပြုနိုင်သော ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို ကောင်းမွန်စွာ အကောင်အထည်ဖော် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်မှ မြန်မာ-တရုတ် နှစ်နိုင်ငံ သည် ကာလ တစ်လျှောက်လုံးတွင် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ကိုလိုက်နာ ခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး အဆက်မပြတ် ဖွံဖြိုးတိုးတက် ခဲ့ကြောင်း ၊ မြန်မာနိုင်ငံ အစိုးရသစ် အနေဖြင့် တရုတ်နိုင်ငံ နှင့် ဆက်ဆံရေး ကို အလွန်အလေးထား ပြီး အဆင့်မြင့် အစိုးရ အရာရှိများ အပြန်အလှန် တွေ့ဆုံမှု များကို ဆက်လက် ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှု အပေါ် လွန်စွာ ဝမ်းမြောက်ကြောင်း ၊ တရုတ်နိုင်ငံ၏ ကာလ တစ်လျှောက်လုံး မြန်မာနိုင်ငံ အပေါ် ထားရှိသည့် ထောက်ခံအားပေးမှုနှင့် ကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးမြှင့်ခြင်းဖြင့် မြန်မာ နိုင်ငံ ပြည်သူလူထု လူနေမှုဘဝ မြှင့်တင်နိုင်ရန် အတွက် ကူညီခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ပြည်သူလူထုတို့မှ ထိုဆောင်ရွက်မှု၏ အကျိုးကျေးဇူးကို ခံစား စေလိုကြောင်း ပြောကြား ခဲ့ပါသည်။
မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်တို့သည် မွန်ဂိုလီးယား နိုင်ငံတွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ရောက်ရှိ နေခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.