Connect with us

Politics

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ တရုတ် နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်ထံသို့ စာနာထောက်ထားကြောင်း သဝဏ်လွှာ ပေးပို့ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်တို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အတွင်းက နေပြည်တော်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) 

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်ထံသို့ စာနာထောက်ထားကြောင်း သဝဏ်လွှာကို ယနေ့တွင် ပေးပို့ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ လတ်တလော ဖြစ်ပွားလျက်ရှိသည့် 2019-nCov Virus အဆုတ်ရောင်ရောဂါကြောင့် တရုတ်ပြည်သူများ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိနေခြင်းအတွက် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါ သဝဏ်လွှာတွင် တရုတ်နိုင်ငံအနေဖြင့်  အဆင့်မြင့်ကျန်းမာရေးဆိုင်ရာ နည်းပညာများကို ပိုင်ဆိုင်ထားသည့်အတွက် ယခုဖြစ်ပွားလျက်ရှိသည့် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ဆက်လက် မပြန့်ပွားရေးကို အမြန်ဆုံး အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းပါဝင်မှုများကြောင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားသွားနိုင်မည်ဟုလည်း အပြည့်အဝ ယုံကြည်ပါကြောင်းလည်း ဖော်ပြထားကြောင်းသိရသည်။ 

ထို့အတူ မြန်မာနိုင်ငံအနေဖြင့်လည်း ယင်းအခက်အခဲကို ဖြေရှင်းရန်အတွက် နည်းလမ်းများ ရှာဖွေရာတွင် တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117