Connect with us

Politics

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန် သည် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ထံသို့ သံအမတ် ခန့်အပ်လွှာ ပေးပို့

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်မှ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ( Mr.Hong Liang) ၏ သံအမတ်ခန့်အပ်လွှာ လက်ခံနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်( Mr.Hong Liang) သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ထံသို့ နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ဇူလိုင် ၂၉ရက်နေ့ ၌ သံအမတ်ကြီး ခန့်အပ်လွှာအား ပေးပို့ခဲ့ပါသည်။

ထိုပေးအပ်ပွဲတွင် တရုတ် နိုင်ငံသံရုံး မှ သံမှူးကြီး မစ္စတာ ချန်းချန် (Mr. Chen Chen) ၊ စစ်သံမှူး ဝမ်ကျင်းပေါ် (Wang Jinbo) ၊ မြန်မာနိုင်ငံ သမ္မတရုံး ဝန်ကြီး ၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသိန်းညွန့် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးသန့်ကျော် နှင့် သံတမန်ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင် တို့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ( Mr.Hong Liang) တို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် သံအမတ်တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ( Mr.Hong Liang)တို့ အမှတ်တရ ဓာတ်ပုံ ရိုက်နေစဉ် (ဆင်ဟွာ)

ထို့နောက် နှစ်ဦးနှစ်ဘက်သည် နှစ်နိုင်ငံဆက်ဆံရေး ဆက်လက် မြှင့်တင်ခြင်း နှင့် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း အပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် သည် မြန်မာ နိုင်ငံသို့ ဇူလိုင်လ ၂၆ ရက်နေ့က ရောက်ရှိခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117