Connect with us

Politics

တရုတ်နိုင်ငံ အတွင်း တရားမဝင် သွားရောက် လုပ်ကိုင်သည့် မြန်မာ နိုင်ငံသား ၂၀၅ ဦးအား တရုတ် နိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်လည် လွှဲပြောင်း ပေးအပ်

တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ် နယ်စပ်ဂိတ်အား တွေ့မြင်ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်တုန်း ပြည်နယ်နှင့် ကျန်းစု ပြည်နယ်တို့တွင် တရားမဝင် သွားရောက် လုပ်ကိုင်မှုဖြင့် ဖမ်းဆီး ချုပ်နှောင်ခံရပြီး ထိန်းသိမ်း ခံထားရသည့် မြန်မာ နိုင်ငံသား ၂၀၅ ဦးအား တရုတ် နိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်လည် လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း တရုတ်-မြန်မာ သက်ဆိုင်ရာ ဌာနမှ ယနေ့ သိရသည်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့မှ မြန်မာ နိုင်ငံသား ၂၀၅ ဦးကို မြန်မာနိုင်ငံ မှ မေတ္တာ ရပ်ခံချက်အရ ဇွန်လ ၁၀ ရက်နေ့ ည ၇ နာရီတွင် ရှန်တုန်း ပြည်နယ်နှင့် ကျန်းစု ပြည်နယ်တို့မှ ရွှေလီမြို့သို့ မီးရထားဖြင့် ပို့ဆောင်ကာ မူဆယ်ခရိုင် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့ ခရိုင်မှူး ဦးခင်မောင်ဦး နှင့် ဒုတိယ ခရိုင်လူဝင်မှု ကြီးကြပ်ရေးမှူး ဦးဝင်းလှိုင် တို့ထံ တရုတ် နိုင်ငံ အစိုးရမှ မြန်မာ နိုင်ငံ သို့ ပြန်လည် လွှဲပြောင်း အပ်နှံခဲ့သည်။

အဆိုပါ ဖမ်းဆီး ချုပ်နှောင် ခံထားရသည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၏ တင်ပြချက်အရ အမျိုးသား လွှတ်တော် ဥက္ကဌက နိုင်ငံတော် သမ္မတထံသို့ သဝဏ်လွှာ ပေးပို့ခဲ့ခြင်း အပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တရုတ် နိုင်ငံ သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် ဆက်သွယ်ပြီး ညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117