Connect with us

Politics

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ် နိုင်ငံ အစိုးရ အထူးသံတမန် တို့ မြန်မာ-တရုတ် နှစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေး အပါအဝင် ကိစ္စများအား ဆွေးနွေး

နေပြည်တော် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရ အထူးသံတမန်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လျိုကျန့်မင် H.E.Mr. Liu Zhenminတို့ ဒီဇင်ဘာလ ၅ ရက်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းမှုအတွက် စီမံခန့်ခွဲမှု၊ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ပိုင် မီဒီယာ မြဝတီမှ ထုတ်ပြန်သည်။

အဆိုပါ နှစ်ဖက် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများနှင့် အထွေထွေ ရွေးကောက်ပွဲကျင်းပ ပြီးစီးမှု အခြေအနေ၊ ရွေးကောက်ပွဲလွန် ကာလ တိုင်းပြည် အေးချမ်းစွာဖြင့် ဒေသတွင်း တည်တည်ငြိမ်ငြိမ် ဆက်လက် လျှောက်လှမ်းနိုင်ရေးအတွက် တပ်မတော်၏ ရပ်တည်မှုအခန်းကဏ္ဍ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ခိုင်မြဲစွာ ရှိနေသည့် ဆက်ဆံရေး အခြေအနေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းမှုအတွက် စီမံခန့်ခွဲမှု၊ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာများအား ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရ အထူးသံတမန်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လျိုကျန့်မင် တို့ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ-မြဝတီ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံ အစိုးရ အထူးသံတမန် နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လျိုကျန့်မင် (H.E.Mr. Liu Zhenmin) နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှိ တပ်မတော် ဧည့်ရိပ်သာ ဧည့်ခန်းမတွင် လက်ခံ တွေ့ဆုံခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.