Connect with us

Social

တရုတ် နိုင်ငံ တွင် အခမဲ့ အောင်မြင်စွာ ခွဲစိတ်ပေးခဲ့သည့် မြန်မာ နိုင်ငံ မှ မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် ကလေးငယ် က တရုတ် နိုင်ငံ သမ္မတ ထံသို့ ကျေးဇူးတင်ကြောင်း စာပေးပို့

တရုတ် နိုင်ငံ တွင် အခမဲ့ အောင်မြင်စွာ ခွဲစိတ်ပေးခဲ့သည့် မြန်မာ နိုင်ငံ မှ မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် မဝတ်ရည်ထွန်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ပေကျင်းမြို့ တွင် အခမဲ့ ခွဲစိတ်ကုသမှု များဆောင်ရွက်ပေးခဲ့သည့် မြန်မာ နိုင်ငံ ရှိ မွေးရာပါ နှလုံးရောဂါ ဝေဒနာ ခံစားနေရသော ကလေးငယ်များ အတွင်း မှ အသက် ၁၁ နှစ် အရွယ်ရှိ ဒလ မြို့ မှ မဝတ်ရည်ထွန်း က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ထံသို့ ကျေးဇူးတင်ကြောင်း စာကို ရေးသား ပေးပို့ ခဲ့သည်။

မဝတ်ရည်ထွန်း က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ထံသို့ ရေးသားပေးပို့ ခဲ့သည့် စာတွင် သမီး အနေဖြင့် တစ်နှစ်အရွယ် မှ စတင်၍ မောပြီးအားမရှိသဖြင့် ဆေးဝါးကုသမှု ဆောင်ရွက်ခဲ့ရကာ မိသားစု မှလည်း ငွေကြေး အများအပြား ကုန်ကျပြီး ပင်ပန်းခဲ့ရကြောင်း ၊ သို့သော် တရုတ် နိုင်ငံ မှ ပရဟိတ အသင်း က တရုတ် နိုင်ငံ တွင် အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးခဲ့သည့် အတွက် သမီးအလွန်ကံကောင်းခဲ့ပြီး မိသားစု အနေဖြင့်လည်း လွန်စွာ ဝမ်းသာရခဲ့ကြောင်း ၊ တရုတ် နိုင်ငံ တွင် မေလ ၁၀ ရက်နေ့ က ခွဲစိတ်ကုသမှု ဆောင်ရွက် ခဲ့ပြီး လက်ရှိချိန်တွင် သမီးအနေဖြင့် အကုန်ကောင်းမွန်သွားပြီးဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သို့ ခွဲစိတ်ရန် ရောက်ရှိနေစဉ် အတွင်း ၌လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ လာရောက်ကြည့်ရှုအားပေး ခဲ့သဖြင့် လွန်စွာ ဝမ်းသာမိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ က ပရဟိတ အသင်း အဖွဲ့ဝင်များ ၊ ဆရာဝန်များ နှင့် တရုတ် နိုင်ငံ သမ္မတ တို့အား အလွန်ကျေးဇူးတင်ကြောင်း ရေးသား ပေးပို့ ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ သံမှူးကြီး ချန်းချန် က မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် မဝတ်ရည်ထွန်း နေအိမ် သို့သွားရောက်ကြည့်ရှုခဲ့စဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ သံမှူးကြီး ချန်းချန် က မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် မဝတ်ရည်ထွန်း နေအိမ် သို့သွားရောက်ကြည့်ရှုခဲ့စဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ သံမှူးကြီး ချန်းချန် ကလည်း တရုတ် နိုင်ငံ တွင် အောင်မြင်စွာ ခွဲစိတ်ကုသပေး ခဲ့သည့် သမီးငယ် မဝတ်ရည်ထွန်း နေထိုင်ရာ ဒလမြို့ ရှိ နေအိမ် သို့ ဇူလိုင် ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုမေးမြန်း ခဲ့ပြီး တရုတ် နိုင်ငံ တွင် ခွဲစိတ်ကုသမှု သွားရောက်ပြုလုပ် ခဲ့ရာတွင် အဆင်ပြေမှု ရှိမရှိ နှင့် လိုအပ်ချက်များ ရှိပါက ဆက်သွယ်ပြောကြားရန် သွားရောက် အားပေး ခဲ့သည်။

မဝတ်ရည်ထွန်း က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ပြန်လည် ဖြေကြားရာတွင် ယခင် အချိန်က ဝေးဝေးလံလံ မည်သည့် နေရာ မှ သွားနိုင်ခြင်းမရှိဘဲ အိမ်တွင်း ၌သာ နေထိုင်ခဲ့ရကြောင်း ၊ သို့သော် တရုတ် နိုင်ငံ တွင် ခွဲစိတ်ကုသမှု ဆောင်ရွက်ပြီးနောက်တွင် မိခင်နှင့် ဈေးအတူပင် သွားနိုင်ခဲ့ပြီ ဖြစ်ကြောင်း ၊ ယခုလိုခွဲစိတ် လိုက်ပြီးနောက်တွင် သွားလိုသည့် နေရာများကို သွားရောက်နိုင်ခဲ့သည့် အတွက် တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ မှ သက်ဆိုင်ရာ အသီးသီး ကို ကျေးဇူး တင်ရှိကြောင်း ၊ တရုတ် နိုင်ငံ တွင် အဆင်ပြေစွာ ဆေးဝါး ကုသမှု ခံယူခဲ့ရပြီး လက်ရှိချိန်တွင် လုံးဝကောင်းမွန်သွားပြီ ဖြစ်သောကြောင့် ကြီးလာသည့် အချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ဆောင်ရွက်ပေးသွား လိုကြောင်း ၊ မိမိ အနေဖြင့် တရုတ်ဘာသာ စကား ကို သင်ယူသွားမည် ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မဝတ်ရည်ထွန်း ၏ ဖခင်ဖြစ်သူ ဦးမြသိန်း က တရုတ် နိုင်ငံ ပရဟိတ အသင်း က သမီး အား အခမဲ့ ခွဲစိတ် ကုသပေးမည် ကို သိရှိခဲ့ရချိန်တွင် အတိုင်းမသိ ဝမ်းသာမိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ သို့ရောက်ရှိစဉ်ကာလ တစ်လျှောက်တွင်လည်း ဖော်ရွေစွာ ဆက်ဆံခဲ့ကြပြီး ပြန်လာသည့် အချိန်ထိ လိုလေသေးမရှိအောင် နေထိုင်ခဲ့ရကြောင်း ၊ ယခုချိန်တွင် သမီး သည် ကျန်းမာရေး ပြန်ကောင်းသွားပြီး ဖြစ်သည့် အတွက် ကူညီ ခဲ့သူအားလုံး ကို ကျေးဇူးတင်ရှိကြောင်း ဆင်ဟွာ သတင်းဌာန သို့ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံရှိ မွေးရာပါ နှလုံးရောဂါ ဝေဒ နာရှင် ကလေးငယ် ၅၄ ဦး ကို တရုတ် နိုင်ငံသို့ အခမဲ့ ခွဲစိတ်ကုသရန် ပို့ဆောင်ပေးသည့် ကူညီဆောင်ရွက်မှု သည် တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) မှ ဦးစီးကာ တရုတ် အမျိုးသား ကုသိုလ်ဖြစ် အဖွဲ့ချုပ် စာနယ်ဇင်းလောကကုသိုလ်ဖြစ် လုပ်ငန်းဖွံ့ဖြိုးရေးအသင်း မှ တွဲဖက်ဆောင်ရွက်ခဲ့သည့် အစီအစဉ် တရပ် ဖြစ်ပြီး မတ်လ ပိုင်းတွင် စတင် အကောင်အထည် ဖော်နိုင် ခဲ့သော ကူညီဆောင်ရွက်မှု တစ်ခု ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117