Connect with us

NPC

ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များ၊ ချောမွေ့သော အုပ်ချုပ်ပုံစနစ်များနှင့် တရုတ်နိုင်ငံ၏ အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်း အစီအမံဆောင်ရွက်


ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက မတ်လ ၁၃ ရက်က ဖွင့်ဟပြသလိုက်သည့် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်း အစီအမံသည် ပြည်သူများ၏ လိုအပ်ချက်များနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပိုမိုထိရောက်သော အုပ်ချုပ်မှုနှင့်အတူ ချော့မွေ့သော အုပ်ချုပ်ပုံနည်းစနစ်ဖြင့် ဆုံတွေ့နိုင်မည့် အရေးကြီးသော တော်လှန်ရေး အရွေ့ (Move) တစ်ခု ဖြစ်ကြောင်း နိုင်ငံတကာ လေ့လာသူများက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။

နိုင်ငံတော် ကောင်စီ၏ ဖွဲ့စည်းတည်ဆောက်ပုံ ပြုပြင်ပြောင်းလဲရေး အစီအမံက ကောင်းမွန်သော ဖွဲ့စည်းတည်ဆောက်ပုံ တစ်ခု၊ ပိုမိုထိရောက်သော ပြည်သူ့ အစေခံ အစိုးရအဖြစ် ရည်မှန်းထားပြီး ယင်းအား သုံးသပ်ရန် ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

ယင်းသာ အတည်ပြုခဲ့ပါက နှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံ၏ အကြီးဆုံး အစိုးရ အပြောင်းအလဲ ဖြစ်လာမည် ဖြစ်ကာ နိုင်ငံတော် ကောင်စီသည် ဝန်ကြီးအဆင့်နေရာ သို့မဟုတ် ဒုတိယ ဝန်ကြီးအဆင့်၁၅ နေရာသာ ရှိတော့မည် ဖြစ်သည်။

နိုင်ငံတကာ လေ့လာသူများက အဆိုပါ အရွေ့သည် ပါတီနှင့် နိုင်ငံ၏ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရန် တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ ကျယ်ပြန့်သော အစီအမံ၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ယုံကြည်ထားကြသည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်း၏ ရှုခင်းအား ဝေဟင်မှ ရိုက်ကူးထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မြန်ဆန်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအား ထည့်သွင်းစဉ်းစားပါက လက်ရှိ အုပ်ချုပ်ပုံနည်းစနစ် ပြင်ဆင်ခြင်းနှင့် နယ်ပယ်မျိုးစုံ၌ အခြေအနေ ပြောင်းလဲပြင်ဆင်မှု လုပ်ဆောင်ရန် အရေးကြီး တာဝန်တစ်ခု ဖြစ်ကြောင်း National University of Singapore ၏ East Asian Institute ညွှန်ကြားရေးမှူး Zheng Yonghian က ပြောကြားခဲ့သည်။

Ecuador နိုင်ငံ Institute of Advanced National Studies မှ ကျွမ်းကျင်သူ Milton Reyes က တရုတ် ကွန်မြူနစ်ပါတီ (CPC) သည် ဖွံ့ဖြိုးတိုးတက်မှု ဇာတ်ခုံသစ်သို့ ဝင်ရောက်လာခဲ့ပြီဟု သုံးသပ်ခဲ့သည်။

ထို့ပြင် အစိုးရအဖွဲ့ လျှော့ချပြီး တရုတ်နိုင်ငံသည် သဘောဝအရင်းအမြစ်ဆိုင်ရာ ဝန်ကြီးဌာန၊ စစ်မှုထမ်းဟောင်းရေးရာ ဝန်ကြီးဌာနနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း ဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနအသစ်များ ဖွဲ့စည်းရန်၊ အမျိုးသားရေးနှင့် ပြည်နယ်အဆင့် ဒေသဆိုင်ရာ အခွန်စည်းကြပ် ကောက်ခံခြင်းစနစ်များ ပေါင်းစည်းရန် စီစဉ်ထားကြောင်း သိရသည်။

ပါတီနှင့် နိုင်ငံ၏ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုသည် ထိရောက်သော လုပ်ဆောင်မှုနှင့် အရည်အသွေးရှိသော အုပ်ချုပ်ရေးအား တိုးတက်စေရန်နှင့် လုပ်ငန်းဆောင်တာများ လွယ်ကူချောမွေ့စေမည် ဖြစ်သလို ဗဟို အစိုးရ၏ မူဝါဒများအား အပြည့်အဝ အကောင်အထည်ဖော်ရာတွင် ပို၍ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟို့စ်တန်မြို့ရှိ St. Thoman တက္ကသိုလ်မှ ပါမောက္ခ Jon Taylor က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် အစိုးရ နယ်ပယ်အားလုံး၌ ပြန်လည်စုစည်းခြင်းဖြင့် အာဏာခွဲဝေခြင်းသည် အစိုးရ၏ ပို၍ ထိရောက်သော စီမံခန့်ခွဲမှုတစ်ခုဆီသို့ ဦးတည်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် သုံးသပ်ခဲ့သည်။

အစိုးရအဖွဲ့ အပြောင်းအရွှေ့နှင့်အတူ အစိုးရသည် တာဝန်များအား ပုံဖော်ရာတွင် ပို၍ ထိရောက်သော အခန်းကဏ္ဍမှ ပါဝင်နေမည် ဖြစ်ကြောင်း၊ ယင်းသည် အနာဂတ် တရုတ်နိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော အုပ်ချုပ်မှု အခြေခံအဖြစ် တည်ရှိသွားမည် ဖြစ်ကြောင်း National Autonomous University of Mexico မှ သုတေသီ Ignacio Cortes က မှတ်ချက်ပြုခဲ့သည်။

တူရကီနိုင်ငံ International Strategic Research Organization ဒုတိယ ဥက္ကဋ္ဌ Selcuk Colakoglu က ၎င်းအနေဖြင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအား အပြည့်အဝ ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

“ဒါက အရေးပါတဲ့ ဇာတ်ခုံသစ်ကို ဝင်ရောက်ခြင်းပါပဲ။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ခေတ်နဲ့ လိုက်လျောညီထွေဖြစ်ခြင်းအတွက် အလွန်ကို အရေးပါတာပေါ့” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.