Connect with us

Asia

နီပေါနိုင်ငံသားက ဧဝရက်တောင်ထိပ်အား ၂၅ ကြိမ်မြောက်ရောက်ရှိနိုင်ခဲ့ခြင်းဖြင့် မိမိ၏စံချိန်အား ထပ်မံချိုးနိုင်ခဲ့

နီပေါနိုင်ငံ တောင်တက်သမား Kami Rita Sherpa ကို ဧဝရက်တောင်ထိပ်အား ၂၄ ကြိမ်မြောက် တက်ရောက်ပြီးနောက် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ခတ္တမန္ဒု ၊ မေ ၈ ရက် (ဆင်ဟွာ)

အသက် ၅၁ နှစ်ရှိပြီးသူတစ်ဦးဖြစ်သည့် နီပေါနိုင်ငံသား Sherpa လူမျိုး တောင်တက်လမ်းညွှန် Kami Rita Sherpa က မေလ ၇ ရက်တွင် နီပေါနိုင်ငံဘက်ခြမ်းမှတစ်ဆင့် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် ဧဝရက်တောင်ထိပ်အား ၂၅ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီး ၎င်းကိုယ်တိုင် တင်ခဲ့သည့် စံချိန်အား ထပ်မံစံချိန်ချိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

ဧဝရက်တောင်အခြေစိုက်စခန်းရှိ နီပေါနိုင်ငံခရီးသွားဌာန ဌာနမှူးဖြစ်သူ Mira Acharya က Kami Rita အနေဖြင့် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် စံချိန်သစ်အား အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။ Kami Rita တာဝန်ထမ်းဆောင်နေသော နီပေါ စွန့်စားမှုဆိုင်ရာပစ္စည်းကိရိယာ ကုမ္ပဏီ က Kami Rita အနေဖြင့် အခြားသော Sherpa လူမျိုး ၁၁ ဦးနှင့်အတူ တောင်ထိပ်ကို ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တောင်တက်ရာသီတွင် ဧဝရက်တောင်ထိပ်အား ပထမဦးဆုံးတက်နိုင်ခဲ့သော တောင်တက်အဖွဲ့ဖြစ်ခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

Kami Rita က ၁၉၉၄ ခုနှစ် မေလတွင် ဧဝရက်တောင်ထိပ်အား ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ၎င်းအနေဖြင့် အချိန်တစ်ပတ်အတွင်း ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်အား ၂ ကြိမ်တက်ရောက်နိုင်ခဲ့ပြီး ၎င်း၏ ၂၃ ကြိမ် နှင့် ၂၄ ကြိမ်မြောက် ကမ္ဘာ့စံချိန်ကို တင်နိုင်ခဲ့သည်။ ၎င်းအနေဖြင့် ၂၀၂၀ ခုနှစ်တွင် ဧဝရတ်တောင်ထိပ်အား ထပ်မံတက်ရောက်ရန် စီစဉ်ခဲ့သော်လည်း နီပေါနိုင်ငံအစိုးရ၏ ကပ်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးဆောင်ရွက်မှုကြောင့် နွေရာသီတောင်တက်အစီအစဉ်အား ဖျက်သိမ်းခဲ့ရသည်။

လက်ရှိချိန်တွင် ကပ်ရောဂါဖြစ်ပွားမှုမှာ မပြီးစီးသေးသော်လည်း နီပေါနိုင်ငံ အစိုးရ က ယခုနှစ်တွင် တောင်တက်လှုပ်ရှားမှုအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး စံချိန်တင် တောင်တက်ခွင့်ပြုချက်ပေါင်း ၄၀၈ ခုကို ထုတ်ဝေပေးခဲ့သည်။

COVID-19 ကပ်ရောဂါသည် ဧဝရက်တောင် အခြေစိုက်စခန်းတွင် ကူးစက်မှုရှိခဲ့ကြောင်း သတင်းရေးသားဖော်ပြချက်ရှိခဲ့သော်လည်း ယင်းသတင်းနှင့်ပတ်သက်၍ နီပေါ ခရီးသွားလာရေးဌာန အရာရှိက ငြင်းဆိုမှုပြုလုပ်ခဲ့သည်။ (Xinhua)
———————————–
(Chinese Version)
(体育)尼泊尔人第25次登顶珠峰打破自身纪录
2021-05-08 14:32:02 分类: 体育
  新华社加德满都5月7日电(记者易爱军 周盛平)现年51岁的尼泊尔夏尔巴登山向导凯米•瑞塔•夏尔巴7日第25次从尼泊尔一侧登上世界最高峰珠穆朗玛峰,打破了他本人创下的登顶世界纪录。
  身处珠峰大本营的尼泊尔旅游局局长米拉•阿查尔雅告诉新华社记者,凯米于当地时间下午6时完成新纪录。凯米供职的尼泊尔探险装备公司在社交媒体发文说,作为登山绳索固定团队领队,凯米与另外11名夏尔巴人一同登顶,成为这个登山季征服珠峰的首批登山者。
  凯米于1994年5月首次登上珠峰。2019年,他在不到一周时间内两次登上世界最高峰,创下自己的第23次和第24次登顶世界纪录。凯米原计划去年再次冲击珠峰,后因尼泊尔政府防范新冠肺炎疫情取消所有春季登山活动而作罢。尽管疫情仍未消散,尼泊尔政府今年开放登山活动,并发放了创纪录的408张登山许可证。
有报道说新冠病毒已经侵入珠峰大本营,但这一说法遭到尼泊尔旅游局官员否认。(完)

Photo
Nepali mountaineer Kami Rita Sherpa waves towards the media personnel upon his arrival after climbing Mount Qomolangma for a 24th time, creating a new record for the most summits of the world’s highest mountain, in Kathmandu, Nepal May 25, 2019. (Xinhua/Sunil Sharma)