Connect with us

Africa & Middle East

ဆိုမာလီနိုင်ငံ သမ္မတအဖြစ် ဝန်ကြီးချုပ်ဟောင်း ရွေးချယ်ခံရ


မိုဂါးဒစ်ရှူး၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ဆိုမာလီနိုင်ငံ လက်ရှိ သမ္မတ ဟက်ဆန် ရှိတ် မိုဟာမက် (Hassan Sheikh Mohamud) သည် မဲခွဲမှုတွင် နှစ်ကြိမ်တိုင် ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း မိုဟာမက် အဗ္ဗဒူလာဟီ ဖာမာဂျို (Mohamed Abdullahi Farmajo) အား ဆိုမာလီနိုင်ငံ သမ္မတသစ်အဖြစ် ရွေးချယ်ခြင်းခံရကြောင်း သိရသည်။

ဒုတိယ အကြိမ်မဲခွဲမှုတွင် ဖာမာဂျိုက မဲ ၁၈၄ မဲ ရရှိကာ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီး ၎င်း၏ ပြိုင်ဘက် လက်ရှိ သမ္မတ မိုဟာမက်က ၉၇ မဲ၊ တတိယ ပြိုင်ဘက်ဖြစ်သူ သမ္မတဟောင်း ရှာရစ်ဖ်ရှိတ် အာမက်က ၄၅ မဲ အသီးသီး ရရှိခဲ့သည်။

ရွေးကောက်ပွဲ အနိုင်ရပြီးနောက် မိန့်ခွန်း ပြောကြားနေသည့် ဆိုမာလီ ရွေးကောက်ခံ သမ္မတ မိုဟာမက် အဗ္ဗဒူလာဟီ ဖာမာဂျိုအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုမာလီ အသွင်ကူးပြောင်းရေး ဖက်ဒရယ် အစိုးရ လက်ထက်တွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အကြား ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တက္ကသိုလ် ပါမောက္ခ ဖာမာဂျို က ရွေးကောက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ရွေးကောက်ပွဲအဖွဲ့များနှင့် စီစဉ်သူများအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံကူးလက်မှတ်လည်း ကိုင်ဆောင်ထားသူ ဖာမာဂျိုသည် နိုင်ငံရေး သိပ္ပံ မာစတာဘွဲ့ကို Buffalo ရှိ နယူးယောက် တက္ကသိုလ်မှ ရရှိခဲ့ပြီးနောက် နယူးယောက်ပြည်နယ်တွင် Buffalo မြူနီစီပယ် အိမ်ရာ အာဏာပိုင်တွင် လည်းကောင်း၊ Erie နယ်မြေတွင် လုပ်သား အခွင့်အလမ်း မျှတရေးတွင်လည်းကောင်း၊ နယူးယောက်ပြည်နယ် သယ်ယူပို့ဆောင်ရေးဋ္ဌာနတွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

ဖာမာဂျိုသည် သမ္မတ အာမက်နှင့် လွှတ်တော် ဥက္ကဋ္ဌတို့အကြား စိတ်ဝမ်းကွဲမှု ဖြစ်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ရာထူးမှ ဖြုတ်ချခြင်း ခံခဲ့ရသည်။ ၂၀၁၁ ခုနှစ်တွင် Tayo ဟု လူသိများသော တရားမျှတမှုနှင့် ညီမျှမှုပါတီအား တည်ထောင်ခဲ့ကာ အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.