Connect with us

Africa & Middle East

အစ္စရေးနိုင်ငံ Petah Tikva မြို့၌ ပစ်ခတ်မှုဖြစ်ပွားရာ ၄ ဦးဒဏ်ရာရ

အစ္စရေးနိုင်ငံ၌ ဖေဖော်ဝါရီလ ၉ ရက်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုမြင်ကွင်းတစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ဂျေရုစလမ် ၊ ဖေဖော်ဝါရီ ၁ဝ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ အလယ်ပိုင်းရှိ Petah Tikva မြို့၌ ဖေဖော်ဝါရီလ ၉ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၄ ဦးဒဏ်ရာရသွားကြောင်း အစ္စရေးအရေးပေါ်ဆေးကုသရေးဌာန(MDA) က ပြောကြားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအတွင်း အသက် ၅ဝ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အခြား အသက် ၃ဝ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာလည်း ခြေထောက်ကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း MDA ၏ ပြောကြားချက်အရ သိရသည်။ထို့ပြင် အခြား အသက် ၄ဝ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း ချွန်ထက်သော အရာဖြင့် အထိုးခံရသော ဒဏ်ရာရခဲ့ကြောင်း ဆေးကုသရေးဌာနက ဆိုသည်။ ဒဏ်ရာရသူ ၄ ဦးစလုံးကို Petah Tikva မြို့ရှိ Beilinson ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုပေးထားကြောင်း သိရသည်။Petah Tikva မြို့ရှိ ဈေးတန်း တစ်ခုအပြင်ဖက်၌ ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှု နှင့် ဓားဖြင့် တိုက်ခိုက်မှုမှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။

တိုက်ခိုက်မှုကျူးလွန်သူမှာ ထွက်ပြေးလွတ်မြောက်ရန်ကြိုးပမ်းခဲ့သော်လည်း ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးခြင်းခံလိုက်ရကြောင်း သိရသည်။ အဆိုပါသံသယ တရားခံမှာ အနောက်ဘက်ကမ်းခြေဒေသမှ ပါလက်စတိုင်းလူမျိုးတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။(Xinhua)