Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ တောင်ဘက်ဆုံး မြို့အား ဒုံးကျည် ၄ စင်းဖြင့် တိုက်ခိုက်ခြင်းခံရ

အစ္စရေး နိုင်ငံ ၏ Iron Dome ဒုံးကျည် ကာကွယ်ရေး စနစ် အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျေရုဆလမ် ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာက အစ္စရေး နိုင်ငံ ၏ တောင်ဘက်ဆုံး မြို့ဖြစ်သည့် Eilat မြို့သည် ဖေဖော်ဝါရီ ၈ ရက်နေ့ညပိုင်းတွင် ဒုံးကျည် ၄ စင်းဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရပြီး အစ္စရေး နိုင်ငံ ၏ Iron Dome ဒုံးကျည် ကာကွယ်ရေး စနစ်ဖြင့် ၃ စင်းကို ပစ်ခတ် တားဆီး နိုင်ခဲ့သော်လည်း ၁ စင်းမှာ တားဆီး နိုင်ခြင်း မရှိဘဲ လူသူ ကင်းမဲ့သည့် နေရာသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန် ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဒုံးကျည်များသည် အီဂျစ် နိုင်ငံ Sinai ကျွန်း မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရရှိခြင်း မဖြစ်ပွား ခဲ့ကြောင်း ပါဝင်ခဲ့သည်။ အစ္စရေး သတင်းမီဒီယာ များ၏ ဖော်ပြချက်တွင် ဒုံးကျည် ပစ်ခတ်မှု ကြောင့် ဒေသတွင်း ပြည်သူများကို စိုးရိမ်ခြောက်လန့်မှု များဖြစ်ပွား စေခဲ့ကြောင်း ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ်က Eilat မြို့သည် အီဂျစ် နိုင်ငံ Sinai ကျွန်း မှ နေ၍ အစ္စလာမ် အစွန်းရောက် အဖွဲ့အစည်း များ၏ ဒုံးကျည် ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။

အစ္စရေး စစ်ဘက်ဆိုင်ရာ က Eilat မြို့ တိုက်ခိုက်ခံခဲ့ရသည့်ချိန် မတိုင်မှီလေးတွင် အစ္စရေး နိုင်ငံမြောက်ပိုင်း ရှိ Golan ကုန်းမြင့် ကိုလည်း လက်နက်ကြီး တစ်ခု ကျရောက် ခဲ့သေးကြောင်း ၊ အစ္စရေး စစ်တပ် မှ တုန့်ပြန်မှု အနေဖြင့် Golan ကုန်းမြင့် တစ်ဘက်ခြမ်းတွင် ရှိသော ဆီးရီးယား အစိုးရတပ် စခန်း ကို ပြန်လည် ၍ လက်နက်ကြီး ဖြင့် တိုက်ခိုက်ခဲ့ကြောင်း လည်း ပြောကြားခဲ့သည်။

ဆီးရီးယား ပြည်တွင်း စစ် စတင်ချိန် မှစ၍ ဆီးရီးယား နိုင်ငံ အတွင်း မှ လက်နက်ကြီးများသည် မကြာခဏ အစ္စရေး နိုင်ငံ မှ ထိန်းချုပ်ထားသည့် Golan ကုန်းမြင့် တစ်ဘက်ခြမ်းကို ကျရောက် ခဲ့သည်။

Golan ကုန်းမြင့် သည် ဆီးရီးယား နိုင်ငံ အနောက်တောင်ပိုင်းတွင် တည်ရှိသော ရှည်လျားကျဉ်းမြောင်း သည့် ဒေသ တစ်ခု ဖြစ်ပြီး ၁၉၆၇ ခုနှစ် က ဖြစ်ပွား ခဲ့သည့် တတိယ အကြိမ်မြောက် အရှေ့အလယ်ပိုင်း စစ်ပွဲ အတွင်း အစ္စရေး နိုင်ငံ ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.