Connect with us

Africa & Middle East

ဆော်ဒီ အရေပြားခွဲစိတ်မှုဆရာဝန်တစ်ဦး ၏ အမှားကြောင့် မိန်ကလေးတစ်ဦး ခြေလက်များဆုံးရှုံးခဲ့ရ

အလှအပဆိုင်ရာ ခွဲစိတ်မှုတစ်ခု ပြုလုပ်နေစဉ် မြင်ကွင်း (ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

အာရပ်လူမျိုး အရေပြားခွဲစိတ်မှုဆရာဝန်တစ်ဦး ၏ ခွဲစိတ်မှုအမှား ကြောင့် ဆော်ဒီ အမျိုးသမီးငယ် တစ်ဦး ခြေလက် ၃ချောင်း ဖြတ်ခဲ့ရသည့်အတွက် တရားဥပဒေနှင့်ရင်ဆိုင်ရပြီး ၎င်း၏ ဆေးကုသခွင့်လိုင်စင် အသိမ်းခံရမည့် အခြေအနေသို့ရောက်ရှိနေကြောင်း ပြည်တွင်းကျန်းမာရေးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင်ပြောကြားခဲ့သည်။

ဆော်ဒီအမျိုးသမီးငယ်၏ ခန္ဓာကိုယ်မှ အဆီပိုများအား ဖယ်ရှားသော အလှအပဆိုင်ရာ ခွဲစိတ်မှုပြုလုပ်ခဲ့သည့် ပုဂ္ဂလိက ဆေးခန်းမှ ခွဲစိတ်ဆရာဝန်အား ၎င်း၏ မိခင် က တရားစွဲဆိုခဲ့ပြီးနောက် ရီယာ့ဒ်မြို့ရှိ ကျန်းမာရေးအာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အလှအပဆိုင်ရာ ခွဲစိတ်မှုပြုလုပ်ပြီးနောက် လူနာ၏အခြေအနေ ဆိုးရွားလာ၍ အစိုးရဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး အသက်အန္တရာယ်မှ လွတ်မြောက်စေရန် ၎င်း၏ လက်နှစ်ဖက်စလုံး နှင့် ညာဘက်ခြေထောက်အား ဖြတ်တောက်ပစ်ရန် ဆရာဝန်များက ဆုံးဖြတ်ခဲ့ကြသည်။

စုံးစမ်းစစ်ဆေးသူများက ပုဂ္ဂလိက ဆေးခန်း ၌ သာမန် ခွဲစိတ်မှုနှင့် ပတ်သက်သည့် ဆေးပစ္စည်း ကိရိယာများ မရှိသည့်အပြင် ဘေးကင်းလုံခြုံသော ခွဲစိတ်ကုသမှု ပြုလုပ်ရန် အနည်းဆုံးလိုအပ်သည့် စံသတ်မှတ်ချက်များ နှင့် ပင် ကိုက်ညီမှုမရှိကြောင်း ပြောကြားခဲ့သည်။

ဆော်ဒီ ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပုဂ္ဂလိကဆေးခန်းများအနေဖြင့် ကျန်းမာရေးသတ်မှတ်ချက်များ နှင့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာကြရန် ထပ်ခါတလဲလဲ သတိပေးပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.