Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ ဘုရင် ပုံမှန်ကျန်းမာရေးစစ်ဆေးရန် တရုတ်နိုင်ငံသို့ သွားရောက်

ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒွန်သီဟာမိုနီ နှင့် မယ်တော် နိုရိုဒွန် မိုနိ သီဟာနုတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒွန်သီဟာမိုနီ (Norodom Sihamoni) သည် မယ်တော် နိုရိုဒွန် မိုနိ သီဟာနု (Norodom Monineath Sihanouk) နှင့်အတူ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုနှင့် ဆေးကုသမှုခံယူရန် ဧပြီ ၁ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

တော်ဝင်မိသားစုအား ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ချို ဟွန်ဆင် (Samdech Techo Hun Sen) ၊ အခြားအစိုးရခေါင်းဆောင်များနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်ဝန်ထျန်းတို့က ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသားများထံ ပြောကြားသည့် တော်ဝင်သတင်းစကား၌ အသက် ၆၆ နှစ်အရွယ် ဘုရင် သီဟာမိုနီက တရုတ်နိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်မှာ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုနှင့် ဆေးကုသမှု ခံယူရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဆေးကုသမှုသွားရောက်နေစဉ်အတွင်း အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒတ် ဆေးချွမ် (Samdech Say Chhum) က ယာယီ နိုင်ငံ့အကြီးအကဲ အဖြစ်တာဝန်ယူထားမည်” ဟု ဘုရင် သီဟာမိုနီက ဆိုသည်။

ဘုရင် သီဟာမိုနီသည် တရုတ်နိုင်ငံမှ ဆရာဝန်များဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု ခံယူလျက်ရှိကြောင်းနှင့် ၎င်း၏ နောက်ဆုံးကျန်းမာရေးစစ်ဆေးမှုခရီးစဉ်ကို ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117