Connect with us

Asia

ထိုင်းခရီးသွားလုပ်ငန်းတစ်ခု၏ လိမ်လည်မှုကြောင့် ခရီးသည် ၁၀၀၀ကျော် လေဆိပ်၌ သောင်တင်နေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ စင်းလုံးငှားလေယာဉ်များဖြင့် သွားရောက်ရန် စာရင်းပေးထားသော ထိုင်းခရီးသည် ၁၀၀၀ကျော်သည် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ဧပြီလ ၁၁ ရက် ညပိုင်းတွင် ရောက်ရှိလာပြီးနောက် ခရီးသွားလုပ်ငန်းတစ်ခုမှ ၎င်းတို့အား လိမ်လည်သွားခြင်းဖြစ်သည်ကို သိရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါ ထိုင်းခရီးသည်များသည် ဂျပန်နိုင်ငံသို့ ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိ သွားရောက်ရန် Wealth Ever ကုမ္ပဏီသို့ တစ်ဦးလျှင် ဘတ် ၉၇၀၀ မှ ၂၀,၀၀၀ အထိ (အမေရိကန်ဒေါ်လာ ၂၈၁ မှ ၅၈၀ ဒေါ်လာ) ပေးချေခဲ့ကြကြောင်း သိရသည်။ သို့သော် လေဆိပ်သို့ရောက်ရှိလာချိန်တွင် ၎င်းတို့အား လာရောက်ကြိုမည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးကိုမျှ တွေ့ရှိခြင်းမရှိခဲ့သည့် အပြင် စင်းလုံးငှားလေယာဉ်များအတွက် ကြိုတင်စာရင်းပေးသွင်းထားခြင်း မရှိသည်ကိုလည်း တွေ့ရှိခဲ့ကြကြောင်း ဘန်ကောက်ပို့စ် ကဖော်ပြခဲ့သည်။

ခရီးသည်အများစုသည် ၎င်းတို့ ဂျပန်နိုင်ငံသို့ သွားရောက်ရန် မဖြစ်နိုင်တော့ကြောင်း သိရှိပြီးနောက် တိုင်ကြားစာများ ရေးသားကာ လေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြသော်လည်း ခရီးသည်အချို့မှာ ထိုင်းသြင်္ကန်ပွဲတော်အတွင်း နေအိမ်သို့ပြန်ရန် ရထားနှင့် ကားလက်မှတ်များမရနိုင်တော့သဖြင့် လေဆိပ်၌ပင် နေရစ်ခဲ့ကြရကြောင်း သိရသည်။

ထိုင်းနိုင်ငံရဲတပ်ဖွဲ့သည် ကုမ္ပဏီအား အရေးယူဆောင်ရွက်မှုများ မပြုလုပ်ခင် သက်သေများ စုဆောင်းလျက်ရှိပြီး ယင်းကုမ္ပဏီသည် ခရီးသွားကုမ္ပဏီတစ်ခုမဟုတ်ဘဲ အားဖြည့်ဗီတာမင်ဆေးဝါးများ ရောင်းချသည့် ကုမ္ပဏီတစ်ခုသာဖြစ်ကြောင်း သိရှိရသည်။ရဲတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့ နှောင်းပိုင်း တွင်လည်း ဂျပန်နိုင်ငံသို့ စရိတ်နည်းခရီးစဉ် ပို့ပေးမည်ဟု Wealth Ever ကုမ္ပဏီ က လိမ်လည်ထားသော နောက်ထပ် ခရီးသွားများစွာရောက်ရှိလာဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။စားသုံးသူကာကွယ်ရေးဋ္ဌာန က Wealth Ever ကုမ္ပဏီသည် ဖြည့်စွက်အားဆေးရောင်းချခြင်းအပါအဝင် မည်သည့် ဝန်ဆောင်မှုလုပ်ငန်းကိုမျှ ဋ္ဌာန၌ မှတ်ပုံတင်ထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.