Connect with us

Asia

ဖိလစ်ပိုင်တောင်ပိုင်းတွင် ရစ်ချ်တာစကေး ၆.၀ အဆင့် ရှိသည့် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့

ငလျင်တိုင်းတာမှု စနစ်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒါဗာအို စီးတီး၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေသများ တွင် ဧပြီ ၁၂ ရက် က ရစ်ချ်တာစကေး ၆.၀ အဆင့် ရှိသည့် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ငလျင်ပညာရှင်များက ပြောကြားခဲ့သည်။

Mindonao’s Lanao del Sur ပြည်နယ် Wao မြို့ အရှေ့ဘက် ၆ကီလိုမီတာ အကွာရှိ မြေပြင်အနက် ၁ ကီလိုမီတာကို ဗဟိုပြု၍ ဒေသစံတော်ချိန် နံနက် ၅း၂၁နာရီတွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် ငလျင်ဋ္ဌာန ကပြောကြားခဲ့သည်။အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေး အဖွဲ့ က ငလျင်အင်အားသည် ၅.၆ ပမာဏရှိကြောင်း ပြောကြားခဲ့သည်။

ငလျင်ကြောင့် အပျက်အစီး ထိခိုက်မှုသတင်းများ မထွက်ပေါ်လာသေးသော်လည်း ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် ငလျင်ဋ္ဌာန က ယင်းငလျင်ပြင်းကြောင့် နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။၎င်း က ငလျင်ဒဏ်ကို Davaoမြို့၊ Cagayan de Oroမြို့ နှင့် Cotabatoမြို့များက ခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။

တိုက်တာအဆောက်အအုံများစွာ ပြိုကျပျက်စီးစေခဲ့သော ရစ်ချ်တာစကေး ၆.ဝပမာဏရှိသည့် ငလျင်ပြင်းတစ်ခုအပါအဝင် နောက်ဆက်တွဲငလျင်များ Luzon ကျွန်းပေါ်၌ ဧပြီလ ၈ ရက်က လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့တွင် ငလျင်ပြင်းတစ်ခု ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့တိုက်ကြီးများ၏ မြေလွှာများ တစ်ခုနှင့်တစ်ခု ပွတ်တိုက်မှုဖြစ်ပွားသည့် Pacific Ring of Fire ဧရိယာပေါ်တွင်တည်ရှိနေ၍ ငလျင်လှုပ်ခတ်ခြင်း နှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)