Connect with us

Asia

ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သား တံတား မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျမည့် အခြေအနေ ရှိနေ

ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သား တံတား ဖြစ်သည့် Uttamanusorn တံတားအား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဘန်ကောက် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ အနောက်ပိုင်း ကန်ချနပူရီ(Kanchanaburi)ပြည်နယ် တစ်လျှောက် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် နိုင်ငံ၏ အရှည်ဆုံး သစ်တား တံတား ဖြစ်သည့် Uttamanusorn တံတားအား ထိုင်းစစ်တပ် က သြဂုတ် ၁၂ ရက်တွင် စဉ်ဆက်မပြတ် စောင့်ကြည့်နေကြကြောင်း သိရသည်။

ကန်ချနပူရီ ပြည်နယ် အခြေစိုက် ခြေလျင်တပ်ရင်း ၂၉ ၏ တပ်ရင်းမှူး ဖြစ်သူ ဗိုလ်မှူးကြီး Saratvuth Chaisith က Songkalia မြစ်တွင် အားကောင်းသော ရေစီးကြောင်းများ ပြင်းထန်စွာ စီးဆင်းနေမှုများကြောင့် ကြီးမား သည့် အမှိုက်သရိုက် အပျက်အစီးများက တံတားအား ရိုက်ခတ်နေသဖြင့် တံတား ပြိုကျနိုင်သဖြင့် ကန်ချနပူရီ ပြည်နယ်တွင် အခြေစိုက်သည့် ၎င်း၏ စစ်တပ်ကို စဉ်ဆက်မပြတ် စောင့်ကြည့်ထားရန် ညွှန်ကြား ထားကြောင်း သတင်းထောက်များကို သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ တံတားအောက်တွင် ရေစီးဆင်းမှုအား ပိတ်ဆို့နေသည့် တောတွင်းမှ သစ်တုံးကြီးများ နှင့် သစ်ပင် အကိုင်းအခတ် အမှိုက်သရိုက် များအား တပ်ဖွဲ့ဝင်များနှင့် စေတနာဝန်ထမ်းများက ဖယ်ရှားရန် ထိုင်းစစ်တပ်က စက်လှေများအား အသုံးပြုထားကြောင်း သိရသည်။

ဗိုလ်မှူးကြီး Saratvuth Chaisith က ၂၀၁၃ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် တံတား၏ အလယ်ပိုင်း ပြိုကျခဲ့သည့် အလားတူ ဖြစ်ရပ်ကဲ့သို့ ရေဖိအားက တိုးလာနိုင်ပြီး သစ်သားတံတား ပြိုကျရန် တွန်းအား ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အတွင်း နယ်နမိတ်ချင်း ထိစပ်နေသည့် တနသာၤရီ တောင်တန်း ဒေသတွင် နှစ်ပတ်ထက် ပို၍ မိုးသည်းထန်စွာ ရွာသွန်းနေမှုများကြောင့် ချောင်းများတွင် ရေများ ပြည့်လျှံကာ Songkalia နှင့် Runtee မြစ်များ အတွင်းသို့စီးဆင်း မြောပါလာကြောင်း ဗိုလ်မှူးကြီး Saratvuth Chaisith က ပြောကြားခဲ့ပြီး ၎င်း၏ တပ်ဖွဲ့ဝင်များသည် ရေကြီးမှုမှ အန္တရာယ်အများဆုံး ဒေသများ ဖြစ်သည့် Sangkhla Buri ခရိုင် အတွင်းရှိ မွန်တိုင်းရင်းသားများကို ကူညီရန် အဆင်သင့် ရှိနေကြောင်း ပြောကြားခဲ့သည်။

ကန်ချနပူရီ ပြည်နယ်၏ Sangkhla Buri ခရိုင်တွင် တည်ရှိသော Uttamanusorn တံတားသည် ထိုင်းနိုင်ငံသားများ နှင့် နိုင်ငံခြားသားများ အတွက် ခရီးသွားများအား စွဲဆောင်သည့် နာမည်ကြီး နေရာ တစ်ခု ဖြစ်ကြောင်း သိရသည်။


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117