Connect with us

Asia

မြောက်ကိုးရီးယား နိုင်ငံ မှ ၎င်းနိုင်ငံ၏ အချုပ်ခြာအာဏာကို ကာကွယ်ရန် အတွက် စစ်ပွဲ ရင်ဆိုင်ရန် ဝန်မလေးကြောင်း ပြောကြား

မြောက်ကိုးရီးယား နိုင်ငံ သမ္မတ ကင်ဂျုံအန်း အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ပြုံးယမ်း၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယား (DPRK) နိုင်ငံ နိုင်ငံခြားရေး ဌာန မှ သြဂုတ်လ ၂၁ ရက်နေ့တွင် မြောက်ကိုးရီးယား စစ်တပ်မှ မြောက်ကိုးရီးယား နိုင်ငံ၏ အချုပ်ခြာအာဏာကို ကာကွယ်ရန် အတွက် စစ်ပွဲ ရင်ဆိုင်ရန် ဝန်မလေးကြောင်း ထုတ်ပြန် ခဲ့သည်။

ထုတ်ပြန်ချက်တွင် မြောက်ကိုးရီးယား နိုင်ငံ (DPRK) မှ နယ်စပ်တွင် တောင်ကိုးရီးယား ဘက်သို့ လက်နက် ဖြင့် ပစ်ခဲ့ခြင်းသည် မဟုတ်မှန်ကြောင်းနှင့် တောင်ကိုးရီးယား နိုင်ငံ (ROK) မှ တစ်ဖက်သက် လက်နက်ဖြင့် ပစ်ခတ်မှု သည် အသေးစိတ် ကြိုတင်ကြံစည် ထားသော ကိစ္စတစ်ခုသာ ဖြစ်ကြောင်း ပါဝင်ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် ယခု ဖြစ်ပွားခဲ့သည့် အမြှောက်ပစ်ခတ်မှု တွင် အမေရိကန် နိုင်ငံ လည်းပါဝင် နေသည်ကို မြောက်ကိုးရီးယား နိုင်ငံ မှ သတိထားမိကြောင်း နှင့် မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ၏ မည်သည့် ရန်စမှုကိုမဆို ရင်ဆိုင်သွားရန် အဆင်သင့် ရှိကြောင်း လည်း ပါဝင်ခဲ့သည်။

သြဂုတ်လ ၂၀ ရက်နေ့ ဒေသ စံတော်ချိန် နေ့လည် ၃ နာရီ ၅၂ မိနစ်ခန့်တွင် ဒုံကျဉ် ဟု ယူဆရသောအရာကို မြောက်ကိုးရီးယား နိုင်ငံ မှ တောင်ကိုးရီးယား နိုင်ငံ အတွင်းသို့ ပစ်ခတ် ခဲ့သည် ကို တောင်ကိုးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာမှ တိုင်းတာ သိရှိရခဲ့ပြီးနောက် မြောက်ကိုးရီးယား နိုင်ငံ ဘက်သို့ ဒုံးကျဉ် ၁၀ ခု ကျော် ကို ပြန်လည် ပစ်ခတ် ခဲ့ကြောင်း တောင်ကိုးရီးယား မီဒီယာ များမှ ထုတ်ပြန်ခဲ့ ကြသည်။

မြောက်ကိုးရီးယား နိုင်ငံ အမြင့်ဆုံး စစ်ဘက်ဆိုင်ရာ ညွှန်ကြားရေး ဌာန မှ သြဂုတ်လ ၂၀ ရက်နေ့တွင် မြောက်ကိုးရီးယား နိုင်ငံ မှ တောင်ကိုးရီးယား ဘက်သို့ ပစ်ခတ်မှု မရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး မြောက်ကိုးရီးယား သမ္မတ ကင်ဂျုံအန်း မှ ရှေ့တန်း စစ်သည် များအား စစ်ပွဲရင်ဆိုင်ရန် အဆင်သင့် အခြေအနေ ပြင်ဆင် ထားရန် ပြောကြား ခဲ့သည်။ (Xinhua)