Connect with us

Asia

မွမ်ဘိုင်းတွင် လူအုပ်ပိမှုကြောင့် လူပေါင်းများစွာ ဒဏ်ရာ

တပ်သားသစ် စုဆောင်းရာတွင် ပါဝင်ရန် မွမ်ဘိုင်းရှိ ရေတပ် အခြေစိုက် စခန်းရှေ့ စောင့်ဆိုင်းနေသည့် လူငယ်များအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာလ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ရေတပ် အခြေစိုက်စခန်း တစ်ခု၌ စက်တင်ဘာလ ၉ ရက်က တပ်သားသစ် စုဆောင်းမှုအတွက် လူငယ် ၁၀,၀၀၀ ဦး စုဝေးရောက်ရှိနေစဉ် လူအုပ်ပိမှု ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မွမ်ဘိုင်းမြို့ မာလတ် နယ်မြေရှိ INS Hamla ရေတပ် အခြေစိုက်စခန်းတွင် ဖြစ်ပွားခဲ့သည့် လူအုပ်ပိမှုတွင် လူ လေးဦးအား ဒေသခံ ဆေးရုံသို့ လွှဲပြောင်းခဲ့ရသည်မှလွဲ၍ အများစုမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
လူပေါင်း ၄,၀၀၀ ကျော်သည် တပ်သားသစ်များ စုဆောင်းနေသည့် ရေတပ် အခြေစိုက် စခန်းအတွင်းသို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ရန် ကြိုးစားစဉ် ၎င်းတို့အား ထိန်းသိမ်းရန် ရဲများမှ လက်ကိုင်တုတ်များ အသုံးပြု လုပ်ဆောင်ခဲ့သည့်အတွက် ယခုလို လူအုပ်ပိမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ ရေတပ် အနေဖြင့် အဆိုပါ အခြေအနေအား ဒေသခံ ရဲတပ်ဖွဲ့နှင့် ရေတပ် အရာရှိများဖြင့် အလွန် ထိရောက်စွာ ကိုင်တွယ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
အခင်းဖြစ်ပွားရခြင်းအား စုံစမ်းဖော်ထုတ်ရန် ရဲတပ်ဖွဲ့က ညွှန်ကြားထားကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.