Connect with us

Asia

အိန္ဒိယ အရှေ့ပိုင်းတွင် တံတားပေါ်မှ ဘတ်စ်ကား ပြုတ်ကျ၊ လူ ၁၈ ဦး သေဆုံး၊ ၃၀ ဦး ဒဏ်ရာရ

တံတားပေါ်မှ ပြုတ်ကျသည့် ဘတ်စ်ကားအတွင်းမှ လူများအား ကယ်ထုတ်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒီရှာပြည်နယ်တွင် စက်တင်ဘာလ ၉ ရက်က ပုဂ္ဂလိကပိုင် ဘတ်စ်ကား တစ်စီး တံတား တစ်စင်းပေါ်မှ ပြုတ်ကျခဲ့ပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက ပြောသည်။

ယာဉ်မောင်းသူက ယာဉ်အား အရှိန် မထိန်းနိုင်ဖြစ်ပြီး အန်ဂူးလ် ခရိုင်ရှိ မာနီထရီ တံတားပေါ်မှ ပေ ၅၀ အနက်သို့ ထိုးကျခဲ့ကြောင်း အမည်မဖော်လိုသူ အဆိုပါ ရဲအရာရှိက ပြောကြားခဲ့သည်။
ခရီးသည် ၅၀ ဦးကို တင်ဆောင်လာသည့် ထို ဘတ်စ်ကားသည် Boudh မြို့မှ Attamallick မြို့သို့ သွားရောက်နေစဉ် နံနက်ပိုင်း၌ ယခုလို တံတားပေါ်မှ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ ၁၈ ဦး၏ ရုပ်အလောင်းများအား ဆွဲထုတ်ယူခဲ့ရပြီး ဒဏ်ရာရရှိသူများအား ဒေသဆိုင်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ကယ်ဆယ်ရေး လုပ်ငန်းများအား လုပ်ဆောင်နေဆဲ ဖြစ်ကြောင်းနှင့် ပြည်နယ် ဝန်ကြီးချုပ် နာဗင်း ပတ်နိုက်ခ် ကလည်း ယင်း ဖြစ်ရပ်အား ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။
ထိုပြည်နယ်၌ ယခုလို ဖြစ်ရပ်မျိုးသည် ပထမဆုံး အကြိမ် မဟုတ်ကြောင်း၊ လွန်ခဲ့သော သုံးလကလည်း ဘာဂါရှ် ခရိုင်တွင် အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပြီး လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း၊ ဧပြီလကလည်း ဒီရိုဂါရှ် ခရိုင်ရှိ ချောက်နက်အတွင်းသို့ ဘတ်စ်ကား တစ်စီး ထိုးကျခဲ့ပြီး လူ ၃၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.