Connect with us

Asia

ဟောမျူ့ရေလက်ကြားသို့ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့စေလွှတ်ခြင်းအပေါ် ဂျပန်ပြည်သူထက်ဝက်ကျော်က ဆန့်ကျင်ကြောင်း ကျိုဒိုစစ်တမ်းတွင်ဖော်ပြ

ဟောမျူ့ ရေလက်ကြား၌ ခုတ်မောင်းနေသော အီရန်စစ်ဖက် မော်တော်ဘုတ်တစ်စီးအားတွေ့ ရစဉ်(ဆင်ဟွာ)

ကျိုဒို ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)

တင်းမာမှုအမြင့်ဆုံးအဆင့် ရောက်ရှိနေသည့် ဟောမျူ့ရေလက်ကြား(Hormuz)ကို ကာကွယ်ရန် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့အားကူညီရန်အတွက် အရှေ့အလယ်ပိုင်းဒေသသို့ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့စေလွှတ်ခြင်းအပေါ် ဂျပန်ပြည်သူထက်ဝက်ကျော်က ဆန့်ကျင်ကြောင်း ကျိုဒို(Kyodo) သတင်းဌာနမှပြုလုပ်သော လူထုစစ်တမ်းတစ်ခု၌ ဖော်ပြထားသည်။

သြဂုတ် ၁၇ ရက် နှင့် ၁၈ ရက်များတွင် တယ်လီဖုန်းဖြင့် တစ်နိုင်ငံလုံးအား ဆက်သွယ်မေးမြန်းပြုလုပ်သော လူထုသဘောထားကောက်ခံမှုတွင် ဖြေကြားသူ ၅၇.၁ ရာခိုင်နှုန်းက အရှေ့အလယ်ပိုင်းဒေသသို့ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့(SDF) စေလွှတ်မှုအပေါ် ဆန့်ကျင်ကြောင်း နှင့် ၂၈.၂ ရာခိုင်နှုန်းမှာ စေလွှတ်သင့်ကြောင်း အသီးသီးပြန်လည်ဖြေကြားခဲ့သည်။

ယခုလအစောပိုင်းတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper သည် ဂျပန်နိုင်ငံသို့လာရောက်လည်ပတ်စဉ် အရှေ့အလယ်ပိုင်းဒေသရှိ ဟောမျူ့ရေလက်ကြားအား စောင့်ကြည့်ရန် နှင့် ကာကွယ်ရန် ညွန့်ပေါင်းတပ်ဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်ရေး ဂျပန်နိုင်ငံအား တိုက်တွန်းစကား ပြောကြားခဲ့သည်။

သို့သော် ဂျပန်နိုင်ငံက ဟောမျူ့ရေလက်ကြားသို့ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့စေလွှတ်ရန် ဆန္ဒမရှိကြောင်း ၊ အဆိုပါရေလက်ကြားသည် ကမ္ဘာ့လောင်စာဆီ ၅ ပုံ ၁ပုံ သယ်ဆောင်ရာ အဓိကရေလမ်းခရီးတစ်ခုဖြစ်ရာ တပ်ဖွဲ့စေလွှတ်ခြင်းဖြင့် အီရန်နိုင်ငံနှင့်ဆက်ဆံရေး ထိခိုက်မည်ကို စိုးရိမ်ကြောင်း ဆိုခဲ့သည်။

ယခုကောက်ခံသော စစ်တမ်းတွင် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးဦးဆောင်သည့် ဂျပန်အစိုးရအဖွဲ့အနေဖြင့် တပ်ဖွဲ့စေလွှတ်ရန် အတည်ပြုဖွယ် ၅ဝ.၃ ရာခိုင်နှုန်းရှိနေကြောင်း ဖော်ပြထားပြီး ယင်းမှာ ဇူလိုင်လက ကောက်ယူခဲ့သော စစ်တမ်းထက် ၁.၇ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အတည်မပြုသည့်ဘက်မှ ၃၄.၆ ရာခိုင်နှုန်းရှိသည်ဟု စစ်တမ်းကဖော်ပြထားရာ ယခင်ကထက် ၃.၆ ရာခိုင်နှုန်းလျော့ကျသွားကြောင်း သိရသည်။(Xinhua)