Connect with us

Asia

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွား၊ ကလေးငယ် ၃ ဦး သေဆုံး

အာဖဂန်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက မြေမြှုပ်မိုင်းရှင်းလင်းရေး ကိရိယာဖြင့် ရှာဖွေနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရက ဇွန်လ ၄ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါ ပေါက်ကွဲမှုသည် Haska Mina ခရိုင် Shirullah Qala ကျေးရွာ၌ ဇွန်လ ၃ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖုန်ထူသောလမ်းပေါ်တွင် အိုင်အက်စ်အဖွဲ့က မြေမြှုပ်မိုင်း ထောင်ထားခြင်း ဖြစ်သည်ဟု ကြေညာချက်တွင် စွပ်စွဲထားသည်။

သေဆုံးသူများမှာ အသက် ၁၂ နှစ်အရွယ်နှင့် ၁၃ နှစ်အရွယ် ကလေးများဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

တာလီဘန် စစ်သွေးကြွများနှင့် အိုက်အက်စ်များက ပေါက်ကွဲစေသော လက်လုပ်မိုင်းများ (IEDs) အသုံးပြု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထားကာ လမ်းဘေးဗုံးများနှင့် မြေမြှုပ်မိုင်းများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း အားပြင်းသည့် အိမ်တွင်းလုပ် လက်နက်များကလည်း အရပ်သား အများအပြားကို သေစေခဲ့သည်။

ကဘူးလ်မြို့မှ ၁၂၀ ကီလိုမီတာအကွာရှိ တောင်ထူထပ်သော အဆိုပါ ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အိုင်အက်စ်စစ်သွေးကြွများအကြား ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117