Connect with us

Asia

အိန္ဒိယ ထိန်းချုပ်ဒေသ ကက်ရှ်မီးယားတွင် သေနတ်ပစ်ခတ်မှုကြောင့် လေဦးသေဆုံး

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသတွင် အိန္ဒိယ စစ်တပ် တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဆရီနာဂါ၊ ကက်ရှမီးယား၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

အိန္ဒိယ ထိန်းချုပ် ကက်ရ်ှမီးယားဒေသတွင် စစ်သွေးကြွများနှင့် အိန္ဒိယ တပ်ဖွဲ့များအကြား အောက်တိုဘာလ ၁၁ ရက်က သေနတ်ပစ်ခတ်မှု အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ နှစ်ဦးနှင့် လေတပ် တပ်ဖွဲ့ဝင် နှစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ကြောင်း စစ်တပ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ သေနတ်ပစ်ခတ်မှုမှာ ဆရီနာဂါမြို့မှ ၃၂ ကီလိုမီတာခန့်အကွာရှိ Bandipora ခရိုင် Hajin ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။“Bandipora ခရိုင် Hajin ကျေးရွာမှာ ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ လေတပ်တပ်ဖွဲ့ဝင် နှစ်ဦးလည်း အသက်စွန့်သွားခဲ့ပါတယ်။ လေတပ် တပ်ဖွဲ့ဝင်တွေက ကြည်းတပ်နဲ့အတူ စစ်ရေးလေ့ကျင့်မှုနဲ့ သင်တန်းပေးနေသူတွေ ဖြစ်ပါတယ်” ဟု အိန္ဒိယနိုင်ငံ စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Rajesh Kalia က ပြောကြားခဲ့သည်။
ယင်း ပစ်ခတ်မှုအတွင်း ကြည်းတပ် တပ်ဖွဲ့ဝင် တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။

ဆရီနာဂါ တောင်ဘက် Shopian ခရိုင် Gatipora ကျေးရွာတွင်လည်း အောက်တိုဘာလ ၉ ရက်က အလားတူ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ကက်ရှမီးယားဒေသတွင် ၁၉၈၉ ခုနှစ်ကစ၍ စစ်သွေးကြွများနှင့် အိန္ဒိယ တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်း ဒေသအတွင်း နှစ်ဘက် သေနတ်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။အိန္ဒိယနှင့် ပါကစ္စတန်အကြား ကက်ရှ်မီးယားဒေသအား နှစ်ဘက်လုံးက ပိုင်ဆိုင်ကြောင်း တောင်းဆိုထားကြပြီး လက်ရှိတွင် နှစ်ပိုင်းခွဲ၍ အုပ်ချုပ်လျက်ရှိသည်။ ဗြိတိန်နိုင်ငံ လက်အောက်မှ ၎င်းတို့ လွတ်လပ်ရေးရပြီးနောက် နှစ်နိုင်ငံအကြား ကက်ရှ်မီးယားအရေးကြောင့် စစ်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117