Connect with us

Asia

တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးသော ကျိုင်းကောင်နှိမ်နင်းရေးကိရိယာများ ပထမအသုတ် ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံက ကူညီသော ကျိုင်းကောင်နှိမ်နင်းရေးကုန်စည် ပထမအသုတ် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကူညီထောက်ပံ့သော မယ်လာသီယွန် (Malathion) အရည် ၅၀,၀၀၀ လီတာနှင့် လေစွမ်းအင်သုံး စွမ်းရည်မြင့်ဆေးဖျန်းစက် ၁၄ ခု အပါအဝင် ကျိုင်းကောင် ထိန်းချုပ်ရေးပစ္စည်းကိရိယာများ ပထမအသုတ်မှာ ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့သို့ မတ် ၉ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။

ကျိုင်းကောင် နှိမ်နင်းရေးပစ္စည်းကိရိယာများသည် ပါကစ္စတန်နိုင်ငံရှိ နယ်မြေများစွာ၌ လတ်တလော ကြုံတွေ့နေရသည့် ကန္တာရကျိုင်းကောင် တိုက်ခိုက်မှု လျော့ပါးစေရန်နှင့် ဆင်းန်၊ ပန်ဂျပ်နှင့် ဘာလိုချစ္စတန် စသည့် ပြည်နယ်များ၌ ကျိုင်းကောင်တချို့က ဥများဥချခဲ့သည့်အတွက် မကြာမီလများအတွင်း ကြုံတွေ့ရနိုင်သည့် ကျိုင်းကောင်အန္တရာယ်အတွက် ပြင်ဆင်ရန် တရုတ်နိုင်ငံ၏ ကူညီမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ 

တရုတ်နိုင်ငံက ကူညီသော ကျိုင်းကောင်နှိမ်နင်းရေးကုန်စည် ပထမအသုတ် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသားများပါဝင်သော အလုပ်အဖွဲ့တစ်ဖွဲ့က အထက်ပါပြည်နယ်များသို့ ယခုလအစောပိုင်းက သွားရောက်လေ့လာခဲ့ကြောင်း၊ ကျိုင်းကောင်များ တိုက်ခိုက်ခဲ့သော နေရာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် ၎င်းအဖွဲ့သည် ပါကစ္စတန်မှ တာဝန်ရှိသူများနှင့်အတူ ကျိုင်းကောင် နှိမ်နင်းရေးဘက်စုံအစီအစဉ်တစ်ခုအား ချမှတ်ခဲ့ကြောင်း သိရသည်။

ကရာချိမြို့ရှိ တရုတ် ကောင်စစ်ဝန်ရုံးက ကျန်ရှိနေသော ကျိုင်းကောင်နှိမ်နင်းရေး ပစ္စည်းများအား ပါကစ္စတန်နိုင်ငံသို့ မကြာမီ ပို့ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ ကျိုင်းကောင် တိုက်ခိုက်မှုအပေါ် အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာခဲ့သလို ဒေသတွင်း မီဒီယာများကလည်း ၂၇ နှစ်အတွင်း အဆိုးဝါးဆုံးအဖြစ် သတင်းဖော်ပြခဲ့သည်။ ကျိုင်းကောင်များ တိုက်ခိုက်မှုကြောင်း ဝါဂွမ်း၊ ဂျုံနှင့် ပြောင်း စိုက်ခင်းများ ပျက်စီးခဲ့ရပြီး ပါကစ္စတန်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117