Connect with us

Asia

ကိုရီးယားကျွန်းဆွယ်၌ တင်းမာနေမှုအတွက် မြောက်ကိုရီးယားက အမေရိကန်ကို အပြစ်တင်

တောင်ကိုရီးယားနိုင်ငံ Pohang မြို့ ၌ ဧပြီလ ၁၁ ရက်က ပြုလုပ်သော အမေရိကန်-ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုမြင်ကွင်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပြုံယမ် ၊ မေ ၁ ရက် ၉(ဆင်ဟွာ)

နျူကလီးယားပစ်ခတ်နိုင်ရန် တောင်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်နေခြင်းသည် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုဖြစ်ပေါ်စေသည့် အဓိကအရင်းအမြစ်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ဧပြီလ ၃ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Han Song Ryol က ကိုရီးယားကျွန်းဆွယ်အရေးနှင့်ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Alexander Matsegora အား ရှင်းလင်းပြောကြားရာတွင် “ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး နဲ့နိုင်ငံရဲ့ အခွင့်အရေးဟာ အမေရိကန်နိုင်ငံရဲ့ နျူကလီးယားစစ်ပွဲခြိမ်းခြောက်မှုကို ခံနေရပါတယ်။ မြောက်ကိုရီးယားနိုင်ငံအနေနဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့နျူကလီးယား တိုးတက်အောင် လုပ်ဆောင်ရမှာပါ ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ ရပ်တည်ချက်ကို နားလည်ကြောင်း နှင့် ကိုရီးယားကျွန်းဆွယ် တင်းမာမှုကို ဖြစ်နိုင်သမျှ အချိန်တိုကာလအတွင်း ဖယ်ရှားပစ်နိုင်မည်ဖြစ်ကြောင်း ရုရှားသံအမတ်ကြီးက ပြောကြားခဲ့သည်ဟု KCNA သတင်းက ဖော်ပြသည်။

ပြီးခဲ့သော နှစ်လ တာကာလအတွင်း အမေရိကန်နိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ တို့အကြား တင်းမာမှုသည် အမြင့်ဆုံးအဆင့်ဖြင့် ဆက်လက်တည်ရှိနေကြောင်း နှင့် မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှု နှင့် နျူကလီးယားစမ်းသပ်မှုများကြောင့် မြောက်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးအရတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံဘက်က ခြိမ်းခြောက်ပြောဆိုမှုများ ရှိခဲ့သည်။

ထို့ပြင် ပြီးခဲ့သော နှစ်လတာကာလအတွင်း အမေရိကန် နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် နှစ်နိုင်ငံအကြား အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားစစ်တပ်နှင့်အတူလေ့ကျင့်ရန် အမေရိကန်နိုင်ငံ၏ USS Carl Vinson နျူကလီးယားစွမ်းအင်သုံး လေယာဉ်သင်္ဘောသည် ကိုရီးယားကျွန်းဆွယ်သို့ရောက်ရှိခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117