Connect with us

Asia

နာမည်ကျော် ဆွစ် တောင်တက်သမား ဧဝရတ်တောင်အနီး သေဆုံး

ဆွစ်တောင်တက်သမား ယူအီလီ စတက်ခ်၏ ရုပ်အလောင်းကို ဆေးရုံကားပေါ်သို့ တင်ဆောင်နေစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ မေ ၁ ရက် (ဆင်ဟွာ)

ဆွစ် စက်ရုပ်လူသားဟု လူသိများသော နာမည်ကျော် ဆွစ် တောင်တက်သမား ယူအီလီ စတက်ခ်သည် ဧပြီလ ၃၀ ရက်က Nuptse တောင်ခြေရင်းတွင် ပြုတ်ကျသေဆုံးခဲ့ကြောင်း နီပေါ တာဝန်ရှိသူများနှင့် တောင်တက် အဖွဲ့ ကုမ္ပဏီက ပြောြ့ားခဲ့သည်။

ယခုလို သေဆုံးမှုမှာ ဧဝရတ်တောင်ဝန်းကျင် ဒေသတတွင် နွေဦးကာလအတွင်း ပထမဆုံး သေဆုံးမှု ဖြစ်ကြောင်း တောင်တက်ရန် ခွင့်ပြုချက် ထုတ်ပေးသော နီပေါ ခရီးသွားလုပ်ငန်းဋ္ဌာန တာဝန်ရှိသူများအဆိုအရ သိရသည်။

အသက် ၄၀ နှစ်အရွယ် စတက်ခ်သည် ဧဝရတ်တောင် တောင်ခြေ အခြေစိုက်စခန်း ၁ မှ ၂ သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ယင်း အခြေစိုက် စခန်းမှာ မီတာ ၇၈၅၅ မီတာမြင့်သော Nuptse တောင်သို့ တက်ရောက်မည့် အခြေစိုက်စခန်း တစ်ခု ဖြစ်ပြီး စတက်ခ်က မီတာ ၁၀၀၀ မှ တောင်ခြေရင်းသို့ ခြေချော်ကျခဲ့ခြင်း ဖြစ်ကြောင်း နီပေါ ခရီးသွားလုပ်ငန်းဋ္ဌာန တောင်တက်ဋ္ဌာနခွဲ တာဝန်ရှိသူ Khem Raj Aryal က ဆင်ဟွာသို့ ပြောသည်။

အဆိုပါ မတော်တဆမှုသည် ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီ ဝန်းကျင်၌ ပင်လယ်ပြင် မျက်နှာပြင်အထက် ၆၄၀၀ မီတာတွင် ဖြစ်ပွားခဲ့ကြောင်း စတက်ခ်၏ တောင်တက်ခြင်း အစီအစဉ် ဖြစ်မြောက်ရေး စီစဉ်ပေးသည့် Seven Summits Treks ကုမ္ပဏီအရ သိရသည်။

မတော်တဆမှု ဖြစ်ပွားပြီးနောက် ၎င်း၏ ရုပ်အလောင်းကို Lukla လေဆိပ်သို့ သယ်ဆောင်ပြီးနောက် ရဟတ်ယာဉ်ဖြစ် ခတ္တမန္ဒူသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။နီပေါ ခရီးသွားလုပ်ငန်းဋ္ဌာန၏ အဆိုအရ စတက်ခ်သည် Nuptse တောင်တက်ခွင့်ကို ဧပြီလ ၁၃ ရက်တွင် ရရှိခဲ့ပြီး ယင်းနေ့တွင်ပင် တောင်ပေါ်သို့ တက်ခဲ့ကြောင်း၊ ၎င်းနှင့်အတူ အဖွဲ့ဝင် ၁၄ ဦး ပါဝင် လိုက်ပါသွားကြောင်း၊ ယင်းအဖွဲ့တွင် စတက်ခ် အပါအဝင် ဆွစ်တောင်တက်သမား နှစ်ဦးနှင့် နီပေါ Sherpa လမ်းပြ တစ်ဦးပါဝင်ကြောင်း Seven Summits Treks အရ သိရသည်။

၎င်း၏ တောင်တက်နှုန်း လျင်မြန်မှုကြောင့် နာမည်ကျော်လာသော စတက်ခ်သည် ဆုတံဆိပ်များစွာ ရရှိထားသူ ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ဧဝရတ်တောင်သို့ အောက်စီဂျင် မပါဘဲနှင့် တက်ရောက်ခဲ့ဘူးကြောင်း၊ ၂၀၁၅ ခုနှစ်တွင် မီတာ ၄၀၀၀ ကျော်ရှိသော အယ်လ်ပိုင်း တောင်ထိပ် ၈၂ ခုသို့ ၆၂ ရက်အတွင်း တက်ရောက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။ (Xinhua)