Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် ရထားလမ်းဖြတ်ကူးနေသည့် ကားတစ်စီးအား ရထား ဝင်တိုက်မှုကြောင့် လူလေးဦးသေဆုံး

ဗီယက်နမ် တွင်ဖြစ်ပွားခဲ့သည့် ရထားတိုက်မှု တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် အောက်တိုဘာ ၂၄ရက် နံနက်ပိုင်းက ရထားတစ်စီး နှင့် ကားတစ်စီး တိုက်မိခဲ့၍ လူလေးဦး အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ပြီး အခြား လူသုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Ha Nam ပြည်နယ် မှ မြို့တော် ဟနွိုင်းမြို့သို့ သွားရောက်နေသည့် ရထားတစ်စီးသည် Thuong Tin ကျေးလက်ဒေသ ရှိ 1A အမျိုးသားလမ်းဟောင်းပေါ်ရှိ ရထားလမ်းအား ဖြတ်သန်းနေသည့် ကားတစ်စီးအား တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထိုသို့ တိုက်မိမှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် လူအချို့သေဆုံးခဲ့ပြီး အဆိုပါကားလည်း များစွာ ပျက်စီးခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ တွင် ၂၀၁၆ခုနှစ် ပထမ ကိုးလအတွင်း ယာဉ်မတော်တဆပေါင်း ၁၅,၄၁၁ခု ဖြစ်ပွားခဲ့ရာ လူပေါင်း ၆,၄၄၀ဦး သေဆုံးခဲ့ပြီး ၁၃,၄၇၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ၏ ယာဉ်ထိန်းရဲဋ္ဌာန ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.