Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် မော်တော်တိမ်းမှောက်မှုကြောင့် ၇ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ တွင် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက မော်တော်တိမ်းမှောက်မှု တွင် သေဆုံးသွားသူ တစ်ဦးအား သင်္ဘောပေါ်သို့ပြောင်းရွှေ့နေစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် တောင်ဆူလာဝီဆီပြည်နယ်ကမ်းရိုးတန် အလွန် ရေပြင်တွင် လူ ၁၉ဦးထက်မနည်း တင်ဆောင်လာသော မော်တော်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဋ္ဌာန တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၄ ရက်တွင်ပြောကြားခဲ့သည်။

ပြည်နယ်ဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဋ္ဌာန အကြီးအကဲ H.Alamsyah က တာကာလာခရိုင်၊ မာကက်စ်ဆာရေလက်ကြားရှိ တာနီကေရေပြင်တွင် မော်တော်တစ်စီးတိမ်းမှောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ကယ်ဆယ်ရေး နှင့် ရှာဖွေရေးဋ္ဌာန နှင့် သဘာဝဘေးအန္တရာယ်မှ အဖွဲ့ဝင်များ၊ ရေတပ်တို့ပူးပေါင်းကာ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေကြကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.