Connect with us

Asia

ဆော်ဒီ အာရေဗျ နိုင်ငံတွင် လူအုပ် ပိမှုကြောင့် သေဆုံးသူ ၇၁၇ ဦး အထိ မြင့်တက်လာ

ဆော်ဒီ အာရေဗျ နိုင်ငံ မက္ကာမြို့၌ ကယ်ဆယ်ရေး ဝန်ထမ်းမှ လူနာ တစ်ဦးအား ပို့ဆောင်နေစဉ် (ဆင်ဟွာ)

ရီရက်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဆော်ဒီ အာရေဗျ နိုင်ငံ မက္ကာမြို့၌ ကြာသပတေးနေ့တွင် ဖြစ်ပွား ခဲ့သည့် လူအုပ်ပိမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၇၀၇ ဦး အထိ မြင့်တက်လာခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၈၀၀ ကျော်ရှိလာခဲ့သည်။

ဆော်ဒီ အာရေဗျ နိုင်ငံ မီးသတ်ဌာန ချုပ်မှ ပြောရေးဆိုခွင့် ရှိသူ မှ ဒေသစံတော်ချိန် ၉ နာရီခန့်တွင် မွတ်စလင် ဘုရားဖူးများသည် မက္ကာမြို့နှင့် မိုင်အနည်းငယ် ကွားဝေးသော Mina မြို့မှ ဟာ့ဂျ်ရိုးရာဓလေ့ ဖြစ်သည့် ကျောက်ခဲပစ်ခြင်း ပြုလုပ်ရာ နေရာ သို့ ရောက်ရှိ ခါနီး အချိန်တွင် လူအများမှ အချင်းချင်း တွန်းတိုက်ခြင်း ဖြစ်ရာ မှ ယခု ကဲ့သို့အခင်း ဖြစ်ပွား ခဲ့ရကြောင်း ပြောကြား ခဲ့သည်။

အခင်း ဖြစ်ပွား ပြီးနောက် ဆော်ဒီ အာရေဗျ မီးသတ်နှင့် အရေးပေါ် တပ်ဖွဲ့မှ ကယ်ဆယ်ရေး ဝန်ထမ်း ၄,၀၀၀ ကျော်ဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိကာ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများတွင် နိုင်ငံ အရပ်ရပ်မှ ဘုရားဖူးများ ပါဝင်ကြောင်း လည်းသိရှိ ရသည်။

လူအုပ်ပိမှုသည် ဟာ့ဂျ်ရိုးရာဓလေ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ကျောက်ခဲပစ်ခြင်း ပြုလုပ်ရာမှ စတင်ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး မွတ်စလင် ဘုရားဖူးများသည် မကောင်းဆိုးဝါးအဖြစ် သတ်မှတ်ထားသော နံရံကို ကျောက်ခဲဖြင့် ပစ်ပေါက်ကြခြင်း ဖြစ်သည်။

အဆိုပါ လူအုပ်ပိမှုသည် ဆော်ဒီအာရေဗျ၌ ယခုလအတွင်း ဖြစ်ပွားခဲ့သည့် ဒုတိယ အကြိမ် လူအများအပြား သေဆုံးမှု ဖြစ်သည်။စက်တင်ဘာလအစောပိုင်း၌လည်း မက္ကာ၏ မဟာ ဗလီကျောင်း တော်ပေါ်သို့ ကရိန်း ပြုတ်ကျမှုကြောင့် ဘုရားဖူး ၁၁၁ဦးသေဆုံးခဲ့ပြီး ၃၃၁ဦးဒဏ်ရာရရှိခဲ့သည်။ (Xinhua)