Connect with us

Asia

အိန္ဒိယ၏ ပထမဆုံး အာကာသ မှန်ပြောင်း အောင်မြင်စွာ လွှတ်တင်နိုင်

အိန္ဒိယနိုင်ငံ၏ Astrosat ဂြိုဟ်တုလွှတ်တင်မည့် ပုံအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ “Mini-Hubble telescope” အဖြစ် အမည် ပေးထားသည့် Astrosat ဂြိုဟ်တုကို အန်ဟာ ပရာဒက်ရှ် ပြည်နယ် တောင်ပိုင်း စရီဟာရီကိုတာ ဒေသ တွင် ပိုလာဂြိုဟ်တု လွှတ်တင်ရေး ယာဉ်နှင့် အတူ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

အဆိုပါ လွှတ်တင်ရေး ယာဉ်တွင် ပြည်ပမှ ဂြိုဟ်တု ခြောက်လုံး ပါဝင်ပြီး ၎င်းတို့အနက်မှ လေးလုံးမှာ အမေရိကန် ပြည်ထောင်စုမှ ဖြစ်သည်။

ပိုလာဂြိုဟ်တု လွှတ်တင်ရေး ယာဉ် တွင် ၁၅၀၀ ကီလိုဂရမ် အလေးချိန်ရှိသည့် အာကာသမှန်ပြောင်း နှင့်အတူ အခြား ဂြိုဟ်တု ခြောက်လုံးကို ကမ္ဘာ မြေပြင်အထက် ၆၅၀ ကီလိုမီတာ အကွာရှိ ဂြိုဟ်ပတ် လမ်းကြောင်းပေါ် သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါ လွှတ်တင်ခြင်းနှင့် အတူ အိန္ဒိယသည် ကိုယ်ပိုင် အာကာသ မှန်ပြောင်း ပိုင်ဆိုင်ကြသော နိုင်ငံများဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ရုရှား နှင့် ဂျပန်တို့နှင့် အာကာသ နယ်ပယ်တွင် တန်းတူ ပါဝင်လာနိုင် ပြီဖြစ်သည်။

အဆိုပါ အာကာသ မှန်ပြောင်းသည် ငါးနှစ်သက်တမ်းအထိ တာဝန် ထမ်းဆောင်မည်ဖြစ်ပြီး အာကာသရှိ တွင်းနက်ကြီးများကို လေ့လာခြင်း၊ ကြယ်များနှင့် နဂါးငွေ့တန်း စတင် ဖြစ်ပေါ်လာသည့် အကြောင်းရင်းများကို လေ့လာ ဆန်းစစ်ခြင်းတို့အပါအဝင် ၎င်းတို့ဘယ်လို ပျက်စီး သွားလဲ ဆိုတာတွေကို လေ့လာမည်ဖြစ်သည်။ (Xinhua)