Connect with us

Asia

တရုတ်နိုင်ငံက အဆိုပြုထားသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်က ပါဝင်သည့်နိုင်ငံများအားလုံးအပေါ် အကျိုးကျေးဇူးရှိစေမည်


ဖနွမ်းပင်၊ စက်တင်ဘာလ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အဆိုပြုထားသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) သည် ပါဝင်သည့်နိုင်ငံများ အားလုံးအပေါ် အကျိုးကျေးဇူးရှိစေမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahatir Mohamad) က စက်တင်ဘာလ ၂ ရက်တွင် ပြောကြားခဲ့သည်။

ရှေးဟောင်း ကုန်သွယ်မှုလမ်းကြောင်းများတစ်လျှောက်ရှိ အာရှအား ဥရောပ၊ အာဖရိကတို့နှင့် ချိတ်ဆက်ကာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံ ကွန်ရက်တစ်ခု တည်ထောင်မည့် ရည်ရွယ်ချက်နှင့်အတူ BRI အား ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံက အဆိုပြုခဲ့သည်။

အဆိုပါ BRI အား နိုင်ငံ ၁၂၆ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၉ ခုတို့က လက်မှတ်ရေးထိုးထားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ ချစ်ကြည်ရေးခရီးရောက်ရှိလာခဲ့သည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်အား တွေ့ရစဉ် (ဆင်ဟွာ)

BRI က နိုင်ငံများ အချင်းချင်း နီးကပ်စေရန် ဆောင်ကြဉ်းပေးခြင်းနှင့် နိုင်ငံများအကြား ကုန်သွယ်ရေး တိုးတက်စေမည်ဖြစ်ကြောင်း ဖနွမ်းပင်မြို့ရှိ Royal တက္ကသိုလ်ရှိ ကျောင်းသားများနှင့် ဆွေးနွေးပွဲတစ်ခုတွင် မဟာသီယာက ပြောကြားခဲ့သည်။

“မြင်ယောင်ကြည့်လိုက်ကြပါ။ အရင်က တရုတ်နိုင်ငံကနေ ဥရောပကို ကုလားအုတ်တန်းနဲ့ သွားနေကြတယ်။ လပေါင်းများစွာ အချိန်ယူရတယ်။ အခုတော့ သင်တို့အနေနဲ့ ကောင်းမွန်တဲ့ မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်လိုက်ပြီဆိုရင် အချိန်က တစ်ရက်ပဲ ကြာတော့မယ်။ ဒီတော့ ဆက်သွယ်ရေးတွေ တိုးတက်လာသလို ကုန်သွယ်ရေးတွေလည်း နောက်ကလိုက်လာမှာပဲ။ ဒီလမ်းကြောင်းတွေကို သင်တို့ တံခါးဖွင့် လုပ်ဆောင်မယ်ဆိုရင် လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံတွေအားလုံး အကျိုးကျေးဇူးရှိစေမှာပါ” ဟု မဟာသီယာက ဆိုသည်။

မဟာသီယာသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Techo Hun Sen ၏ ဖိတ်ကြားချက်ဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117