Connect with us

Asia

ထိုင်းနိုင်ငံတွင် “ရှီကျင့်ဖိန်: တရုတ်နိုင်ငံခေါင်းဆောင်” စာအုပ်အား ထိုင်းဘာသာဖြင့် ဖြန်ချိ

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားသော “ရှီကျင့်ဖိန်: တရုတ်နိုင်ငံခေါင်းဆောင်” စာအုပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ လွှတ်တော် အဆောက်အအုံ၌ ထိုင်းဘာသာဖြင့် ပြန်လည်ထုတ်ဝေထားသော “ရှီကျင့်ဖိန်: တရုတ်နိုင်ငံခေါင်းဆောင်” စာအုပ် အား ဧပြီလ ၇ ရက်နေ့က ဖြန့်ချိခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်တွင် ၂၀၁၂ခုနှစ် နိုဝင်ဘာလ မှ ၂၀၁၄ခုနှစ် ဇွန်လအတွင်း ပြောဆိုရေးသားခဲ့သည့် တရုတ်နိုင်ငံခေါင်းဆောင် ရှီကျင့်ဖိန်၏ ဟောပြောပွဲ မိန့်ခွန်းများ၊ အင်တာဗျူးများ၊ မှတ်ချက်များ နှင့် ပေးစာ စုစုပေါင်း ၇၉ခုကို စုစည်းတင်ပြထားကြောင်း သိရသည်။ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် Wissanu Krea-ngam က ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ၎င်း၏ အစိုးရအဖွဲ့အား ယင်းစာအုပ်ကို ဖတ်ကြရန် အစောပိုင်းက တိုက်တွန်းခဲ့ကြောင်း စာအုပ်ထုတ်ဝေခြင်း အခမ်းအနား၌ ပြောကြားခဲ့သည်။၎င်း က “ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ စာဖတ်ကောင်းသူ၊ အတွေးအခေါ်ကောင်းသူ၊ စကားပြောကောင်းသူ၊ အရေးအသားကောင်းသူ နဲ့ အပြုအမူကောင်းသူ တစ်ယောက်လည်းဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။ “ရှီကျင့်ဖိန်: တရုတ်နိုင်ငံခေါင်းဆောင်” စာအုပ် ကို အဆုံးထိဖတ်ပြီးတဲ့နောက်မှာ သမ္မတရှီကျင့်ဖိန်ဟာ ဖော်ပြပါအရည်အချင်းတွေနဲ့ ပြည့်စုံပြီးသားသူတစ်ယောက် ဆိုတာကို သိရှိလာခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

Wissanu က ယင်းစာအုပ်သည် ဧပြီ ၆ရက်ကမှ နိုင်ငံ၏ ကိုယ်ပိုင် မဟာဗျူဟာ နှင့် ပြုပြင်ပြောင်းလဲမှုအတွက် ဥပဒေသစ်ထုတ်ပြန်လိုက်သည့် ထိုင်းနိုင်ငံအတွက် တန်ဖိုးရှိသော စာအုပ်တစ်အုပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဆက်လက်၍ ၎င်းက “စာအုပ်ပါအကြောင်းအရာများဟာ အလွန်အဖိုးတန်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ပုံစနစ်ကို ဖော်ပြထားတဲ့အပြင် သမ္မတရှီ၏ အမြင်များ၊ ရည်မှန်းချက်များ အပြင် ၎င်းရဲ့ နိုင်ငံအုပ်ချုပ်မှု အတွေးအခေါ်ကောင်းများကိုလည်း ဖော်ပြထားပါတယ်” ဟုပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Pornpetch Wichicholchai က သမိုင်းကြောင်း ရှည်ကြာစွာ တည်ရှိပြီး တရုတ်နိုင်ငံအကြောင်း လေ့လာရန် လိုအပ်သည့် ထိုင်း ပြည်သူများအတွက် ထိုစာအုပ်အား ယခုလို ထိုင်း ဘာသာစကားသု့ိ ပြန်ဆိုရခြင်း ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။ထိုင်း ဘာသာစကားဖြင့် အဆိုပါ စာအုပ်ကို Matichon Group ကထုတ်ဝေလိုက်ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံအကြောင်း ပိုမို နားလည်နိုင်ရန်နှင့် ထိုင်း ပြည်သူများ၏ တကယ် လုပ်ငန်းခွင်၌ တရုတ် သမ္မတ ရှီကျင့်ဖိန်၏ အတွေးအခေါ်များအား ကျင့်သုံးနိုင်မည် ဖြစ်ကြောင်း Matichon Group ၏ အထွေထွေ မန်နေဂျာ Thakoon Boonpan က မှတ်ချက်ပေးခဲ့သည်။

အဆိုပါ စာအုပ်သည် နိုင်ငံရေးသမားများနှင့် အစိုးရ တာဝန်ရှိသူများသာ ဖတ်သင့်သည့် စာအုပ်မဟုတ်ဘဲ စာအုပ်မှတစ်ဆင့် ကျောင်းသားများနှင့် ထိုင်း ပြည်သူများ တရုတ်နိုင်ငံအကြောင်းအား လေ့လာရန်အတွက်လည်း ဖြစ်ကြောင်း ထိုင်း-တရုတ် ယဉ်ကျေးမှုနှင့် ချစ်ကြည်ရေး ကောင်စီ ဥက္ကဋ္ဌ ပင်နိဂျ် ဂျာရူဆွမ်ဘတ်က ပြောခဲ့သည်။

ထို့ပြင် ချူလာလောင်ကွန်း တက္ကသိုလ်၏ တရုတ်ဘာသာစကားသင် ဆရာနှင့် စာအုပ်အား ဘာသာပြန်သူ Seubpong Changboonchu က ဤစာအုပ်မှာ ထိုင်း-တရုတ် ဖလှယ်မှုအတွက် တံတား တစ်စင်းအဖြစ် လုပ်ဆောင်ပေးမည် ဖြစ်ပြီး ဖတ်ရှုသင့်သော စာအုပ် တစ်အုပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Seubpong ၏ ပြောကြားချက်အရ ယခု စာအုပ်ကို ထိုင်းနိုင်ငံအတွင်း ၂၀၁၆ ခုနှစ် စက်တင်ဘာလက ပထမဆုံးအကြိမ် ပုံနှိပ်ခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယ အကြိမ် ပုံနှိပ်ခြင်း ဖြစ်ကာ ဈေးကွက် အတွင်းမှ ရလဒ်ကောင်းများ ရရှိထားခဲ့ကြောင်း သိရသည်။ အဆိုပါ စာအုပ်အား ဘာသာပေါင်း ၁၆ ဘာသာဖြင့် ပြန်ဆိုထားပြီး ဖြစ်ပြီး ကမ္ဘာတစ်ဝန်း အုပ်ရေ ၆.၂ သန်းကျော် ဖြန့်ချိပြီး ဖြစ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီ ပြန်ကြားရေးရုံး အကြီးအကဲ Jiang Jianguo ထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.