Connect with us

Asia

ဗီယက်နမ်က ၂၀၁၇ခုနှစ်တွင် ဘီယာလီတာပေါင်း ၄ဘီလီယံ ထုတ်လုပ်ရန် မျှော်မှန်းထား

ဗီယက်နမ်နိုင်ငံထုတ် ဘီယာအမျိုးအစား အချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံသည် ၂၀၁၇ခုနှစ်တွင် ယခင်နှစ်ထက် ၁၀ရာခိုင်နှုန်းပို၍ ဘီယာ လီတာပေါင်း ၄ဘီလီယံ ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း ဗီယက်နမ်အဖျော်ယမကာအဖွဲ့အစည်း (VBA) က ဖေဖော်ဝါရီ ၃ ရက်တွင်ပြောကြားခဲ့သည်။

၂၀၁၆ခုနှစ်တွင် ပြည်တွင်းဘီယာကုမ္ပဏီများက ဘီယာ လီတာပေါင်း ၃.၈ဘီလီယံ ထုတ်လုပ်ခဲ့ပြီး ရည်မှန်းထားသော ထုတ်လုပ်မှု ၏၈၅.၇၆ရာခိုင်နှုန်းရှိကြောင်း သိရသည်။နိုင်ငံတစ်ဝန်းရှိ အဓိကဘီယာထုတ်လုပ်သူများအနက် တောင်ပိုင်း ဆေးဂုံအဖျော်ယမကာကော်ပိုရေးရှင်း (Sabeco) သည် အကြီးဆုံးဖြစ်ပြီး ၂၀၁၆ခုနှစ်အတွင်း ဘီယာမျိုးစုံ လီတာပေါင်း ၁.၆ဘီလီယံကျော် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၆ခုနှစ် စက်တင်ဘာလ အစောပိုင်းတွင် ဗီယက်နမ်နိုင်ငံ စက်မှုလုပ်ငန်း နှင့် ကုန်သွယ်ရေး ဝန်ကြီးဋ္ဌာန က ၂၀၃၅ခုနှစ် မျှော်မှန်းချက်ဖြင့် ၂၀၂၅ခုနှစ်အထိ နိုင်ငံတွင်းအဖျော်ယမကာလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် အစီအစဉ်တစ်ခု ရေးဆွဲခဲ့ကြောင်း သိရသည်။အဆိုပါ အစီအစဉ်အရ ၂၀၂၅ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ သည် ဘီယာ လီတာပေါင်း ၄.၆ဘီလီယံ၊ အရက် လီတာပေါင်း ၃၅၀ဘီလီယံ နှင့် ဖျော်ရည်လီတာပေါင်း ၉.၁ဘီလီယံ ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ယင်းထုတ်လုပ်မှုမှ နိုင်ငံခြားဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း၆၀၀ ရရှိအောင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)