Connect with us

Asia

ဖိလစ်ပိုင်တွင် စက်ရုံမီးလောင်မှုကြောင့် လူ ၁၀၀ကျော် ဒဏ်ရာရရှိ

ဖိလစ်ပိုင် ရှိ ဂျပန်စက်ရုံမီးလောင်မှုဖြစ်ပွားနေစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ ရှိ စက်ရုံတစ်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ဖေဖော်ဝါရီ ၂ ရက်တွင်ပြောကြားခဲ့သည်။

မနီလာမြို့တောင်ပိုင်း Cavite ပြည်နယ်၊ Rosarioမြို့၊ Caviteစီးပွားရေးဇုန် အတွင်းရှိ Housing Technology Industries, Pte.Ltd အမည်ရှိ ဂျပန်ကုမ္ပဏီတစ်ခုတွင် ဖေဖော်ဝါရီ ၁ရက် ညနေ ၅နာရီ ဝန်းကျင်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး Jesus Crispin Remulla က ပြောကြားခဲ့သည်။

Remulla က ဂျပန်အလုပ်သမား ၂ဦးအပါအဝင် အလုပ်သမား ၁၂၆ဦးထက်မနည်း မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းတို့အနက် ၄ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း နှင့် အနည်းဆုံး အလုပ်သမား ၂ဦး အသက်သေဆုံးနိုင်ကြောင်း ဖေဖော်ဝါရီ ၂ ရက်က ပြောကြားခဲ့သည်။၎င်းက ဂျပန်နိုင်ငံသို့ တင်ပို့ရန် အိမ်ဆောက်ပစ္စည်းများထုတ်လုပ်သော အထပ်သုံးထပ်ပါရှိသည့် စက်ရုံအဆောက်အအုံ၏ မြေညီထပ်တွင် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။အဆိုပါ ဂျပန်ကုမ္ပဏီတွင် အလုပ်သမား ၆,၀၀၀ ခန့် အလုပ်လုပ်ကိုင်လျက်ရှိပြီး မီးစတင်လောင်ကျွမ်းသည့် ညဖက်ပိုင်းတွင် အလုပ်ဆင်းသည့် အလုပ်သမားဦးရေကို ကုမ္ပဏီက အတိအကျသိရှိခြင်းမရှိသေးကြောင်း သိရသည်။