Connect with us

Asia

မွန်ဂိုးလီးယားနိုင်ငံက နိုင်ငံတကာကလေးများနေ့ ကျင်းပခြင်းများ ပယ်ဖျက်

အူလန်ဘာတာ၊ မေ ၁၁ ရက် (ဆင်ဟွာ)

မွန်ဂိုးလီးယားနိုင်ငံသည် COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် မကြာမီကျရောက်မည့် နိုင်ငံတကာကလေးများနေ့အား လူသိရှင်ကြား အခမ်းအနားဖြင့် ကျင်းပခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံ၏ အရေးပေါ်ကော်မရှင်ကို ကိုးကား၍ ဒေသခံမီဒီယာက မေ ၁၁ ရက်တွင် ဖော်ပြထားသည်။ကော်မရှင်မှ ထုတ်ပြန်သည့် အဆိုပါ ဆုံးဖြတ်ချက်သည် အားလပ်ရက်အတွင်း လူစုလူဝေး ပြုလုပ်ခြင်းက ရောဂါကူးစက်မှုများ မြင့်တက်ခြင်းကို ဦးတည်စေသဖြင့် နောက်ထပ် ကပ်ရောဂါပျံ့နှံ့မှု ကာကွယ်ရန် ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာကလေးများနေ့ကို ကလေးငယ်များ၏ အခွင့်အရေးနှင့် အကျိူးခံစားခွင့်များ စောင့်ထိန်းရန် အမျိုးသမီးများ၏ နိုင်ငံတကာ ဒီမိုကရက်တစ်ဖက်ဒရေးရှင်းက ၁၉၄၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ လက်ရှိတွင် နိုင်ငံများစွာက ဇွန် ၁ ရက်တွင် ယင်းနေ့အား နှစ်စဉ် ကျင်းပလျက်ရှိသည်။

မွန်ဂိုးလီးယားနိုင်ငံသည် နိုင်ငံတကာကလေးများနေ့အား အများပြည်သူဆိုင်ရာရုံးပိတ်ရက်အဖြစ် ၁၉၉၆ ခုနှစ်က တရားဝင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

—————————————
(English Version)

Mongolia cancels celebrations of Int’l Children’s Day
2021-05-11 14:05:52
ULAN BATOR, May 11 (Xinhua) — Mongolia has decided not to publicly celebrate the upcoming International Children’s Day due to the COVID-19 pandemic, local media reported Tuesday, citing the country’s State Emergency Commission.
The decision made by the commission is part of the country’s efforts to prevent a further spread of the pandemic, as gatherings during the holiday could lead to surging infections.
International Children’s Day was established in 1949 by the Women’s International Democratic Federation to safeguard the rights and interests of children. Currently, many countries annually celebrate the day on June 1.
In 1996, Mongolia officially designated the day as an official public holiday. Enditem
Students of the Mongolian ethnic group perform at Hohhot Mongolian School in Hohhot, capital of north China’s Inner Mongolia Autonomous Region, May 27, 2019. Students here practise their traditional dances as a way of exercises. (Xinhua/Wang Zheng)