Connect with us

Asia

ရုရှား နိုင်ငံ မှ ဆီးရီးယား နိုင်ငံ အတွင်း ရှိ IS အဖွဲ့အား လေယာဉ် အစင်း ၂၀ ခန့်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရုရှား နိုင်ငံ လေကြောင်း တပ်ဖွဲ့ မှ လေယာဉ် များအား မြင်တွေ့ခဲ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Konashenkov မှ စက်တင်ဘာ ၃၀ ရက်နေ့တွင် ရုရှား နိုင်ငံ လေကြောင်းနှင့် အကာသ ဌာန မှ လေယာဉ် အစင်း ၂၀ ခန့် အသုံးပြု၍ ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အဖွဲ့ ၏ မြေပင် ပစ်မှတ် ၈ ခုကို လေကြောင်း မှ တိုက်ခိုက် ခဲ့ကြောင်း ပြောကြား ခဲ့သည်။

Konashenkov မှ လေကြောင်း တိုက်ခိုက်မှု တွင် IS အဖွဲ့၏ လက်နက် နှင့် သိုလှောင်ရုံ ၊ လောင်စာ သိုလှောင်ရုံ နှင့် အခြား စစ်ရေးဆိုင်ရာ ပစ္စည်းများ စုဆောင်းရာ နေရာများအား တိုက်ခိုက် ခဲ့ကြောင်း ၊ တောင်ပေါ်ဒေသ ရှိ IS အဖွဲ့ ညွှန်ကြားရေး ဌာန ကိုလည်း လေကြောင်း တိုက်ခိုက်မှု တွင် ဖျက်ဆီး နိုင်ခဲ့ကြောင်း ၊ ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ ဝေဟင် ထောက်လှမ်းမှု နှင့် ဆီးရီးယား စစ်တပ် မှ ထောက်ပံ့သည့် အချက်အလက် များအပေါ် အခြေခံ၍ လေကြောင်း တိုက်ခိုက်မှု ဆောင်ရွက် ခဲ့သဖြင့် အရပ်ဘက်ပြည်သူ အဆောက်အဦး များ ထိခိုက်မှု မရှိ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ အထက်လွှတ်တော် မှ စက်တင်ဘာ ၃၀ ရက်နေ့တွင် သမ္မတ ၏ ပြည်ပ တွင် ရုရှား နိုင်ငံ စစ်အင်အား အသုံးပြုခြင်း အဆိုပြုရာ ကို ခွင့်ပြုခဲ့သောကြောင့် ဆီးရီးယား နိုင်ငံ အတွင်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ ရုရှား နိုင်ငံ သမ္မတ အလုပ်ရုံး ဌာနမှူး မှ ဆီးရီးယား နိုင်ငံ သမ္မတ မှ ရုရှား နိုင်ငံ အား စစ်ရေး ထောက်ပံ့မှု တောင်းဆို ခဲ့ကြောင်း ၊ သို့သော် ရုရှား နိုင်ငံ ၏ ပြည်ပ စစ်ရေးအသုံးပြုခြင်း သည် လေကြောင်း တစ်ခုတည်းသာ ကန့်သတ် ထားသဖြင့် ယခု ဆီးရီးယား နိုင်ငံ အား IS အဖွဲ့ တိုက်ခိုက်ရန် အတွက် လေကြောင်း ထောက်ပံ့မှု များ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.