Connect with us

Asia

အိန္ဒိယ နိုင်ငံဘက် က ထိန်းချုပ်ထားသည့် ကက်ရ်ှမီးယား ဒေသတွင် ယာဉ်တစ်စင်း ချောက်ထဲပြုတ်ကျခဲ့ရာ ခရီးသည် ၁၆ ဦး သေဆုံး

အိန္ဒိယ နိုင်ငံ က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား ဒေသတွင် ဖြစ်ပွား ခဲ့သည့် ယာဉ်မတော်တဆမှု အတွင်း ဒဏ်ရာရရှိသူ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံဘက် က ထိန်းချုပ်ထားသည့် ကက်ရ်ှမီးယား ဒေသတွင် ခရီးသည် အပြည့်တင်ဆောင်လာသည့် ဘုရားဖူးယာဉ် တစ်စင်းသည် ချောက်ထဲပြုတ်ကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း အိန္ဒိယ နိုင်ငံ ရဲတပ်ဖွဲ့ က ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ဘုရားဖူးယာဉ်သည် ဇူလိုင်လ ၁၆ ရက် ညနေပိုင်းတွင် Srinagar မြို့ တောင်ဘက် ၁၀၇ ကီလိုမီတာ သို့ ရောက်ရှိစဉ် လမ်းဘေး ချောက်ထဲ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ၊ အခင်းဖြစ်စဉ်ကြောင့် လူ ၁၆ ဦး သေဆုံး ပြီး ၁၉ ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း နှင့် အခြား ၈ ဦး မှာ အနည်းငယ် ဒဏ်ရာရသွားကြောင်း ၊အဆိုပါ ဘုရားဖူးများသည် အိန္ဒိယနိုင်ငံဘက်က ထိန်းချုပ်ထားသည့် ကက်ရ်ှမီးယား ဒေသ ရှိ Amarnath ဘုရားကျောင်း သို့ သွားရောက်ရန် စီစဉ် ထားသူ များဖြစ်ကြောင်း သိရှိရသည်။လက်ရှိချိန်တွင် ဒဏ်ရာရရှိသော ခရီးသည် များအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး အိန္ဒိယ နိုင်ငံ ရဲတပ်ဖွဲ့ က အခင်းဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်း စစ်ဆေးမှု များ ပြုလုပ်နေ ကြောင်း သိရှိရသည်။

ဝန်ပို တင်ဆောင်ခြင်း ၊ လမ်းမကောင်းခြင်း နှင့် ယာဉ်မောင်း၏ မဆင်မခြင် မောင်းနှင်ခြင်း တို့သည် အိန္ဒိယ နိုင်ငံအတွင်း ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်း များ ဖြစ်ပြီး စစ်တမ်းများအရ အိန္ဒိယ နိုင်ငံ တွင် နှစ်စဉ် ယာဉ် မတော်တဆမှု ကြောင့် လူပေါင်း ၁၃၀,၀၀၀ ကျော် သေဆုံး ခဲ့ရကြောင်း သိရှိရသည်။(Xinhua)