Connect with us

Asia

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် စစ်သုံးထရပ်ကား တစ်စီး တိမ်းမှောက်မှုကြောင့် စစ်သား နှစ်ဦးသေ၊ ၁၇ဦး ဒဏ်ရာရရှိ

ထိုင်းနိုင်ငံတွင် ယခင်က တိမ်းမှောက်ခဲ့သည့် စစ်သုံးထရပ်ကား တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် (Chiang Rai) ပြည်နယ်တွင် ဧပြီ ၁ ရက် က စစ်သုံးထရပ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ စစ်သား နှစ်ဦးသေဆုံးပြီး အခြားစစ်သား ၁၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

မီဒီယာများ၏ ဖော်ပြချက်အရ ထရပ်ကားသည် အမှတ် (၁၅) စစ်မြေပြင်သံချပ်ကားတပ် မှ စစ်သားများကို တင်ဆောင်၍ ချင်းရိုင် ပြည်နယ် မယ်ဆိုင်ခရိုင် ရှိ နယ်စပ်ဂိတ်မှ စစ်သားများနှင့် လူချင်းလဲလှယ်ရန် သွားရောက်စဉ် Thoeng-Chiang Rai လမ်းမကြီး၏ လမ်းကွေ့တစ်ခု၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အခင်းဖြစ်ပွားရာနေရာ၌ပင် စစ်သားတစ်ဦး သေဆုံးခဲ့ပြီး အခြားသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ဒဏ်ရာရရှိသူ ၁၇ဦးအနက် စစ်သားလေးဦးမှာ ဒဏ်ရာအခြေအနေပြင်းထန်ကြောင်း သိရသည်။ (Xinhua)