Connect with us

Asia

အာဆီယံ နှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး တို့ က COVID-19 ရောဂါ ကြောင့် စီးပွားရေး အပေါ် သက်ရောက်မှု အား ဖြေလျှော့ရန် ဆွေးနွေး 

အာဆီယံ နှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား ( 10 + 3 ) ပုံ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ- VNA)

ဟနွိုင်း ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

အာဆီယံ နှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား ( 10 + 3 ) စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး တို့ က ဇွန်လ ၄ ရက် တွင် COVID-19 ရောဂါ တိုက်ဖျက်ရေး အတွက် အွန်လိုင်း အထူး အစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ် ခဲ့ပြီး ကပ်ရောဂါ ကြောင့် စီးပွားရေး အပေါ် သက်ရောက်မှု အား ဖြေလျှော့ရန် ဆွေးနွေး ခဲ့ကြသည်။

ယခု အကြိမ် အစည်းအဝေး အား အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် ဗီယက်နမ် နိုင်ငံ မှ ဦးစီး ကျင်းပ ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး အစည်းအဝေး အပြီး တွင် “အာဆီယံ နှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား ( 10 + 3 ) စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဆိုင်ရာ COVID-19 ရောဂါ ကြောင့် စီးပွားရေး အပေါ် သက်ရောက်မှု အား ဖြေလျှော့ခြင်း ဆိုင်ရာ ပူးတွဲ ကြေညာစာတမ်း” အား ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးတို့ က ကပ်ရောဂါ ပြန့်ပွားမှု အား အမြန်ဆုံး တားဆီး နိုင်ရန် မျှော်လင့်ပြီး ကပ်ရောဂါ ကြောင့် စီးပွားရေး အပေါ် သက်ရောက်မှု အား ဖြေလျှော့ရန် ပူးပေါင်းဆောင်ရွက်မှု အား တိုးချဲ့ရန် ကတိပြုကြောင်း ၊ ဝန်ကြီးများ က ထုတ်ပြန်ကြေညာချက်အရ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ် များအား သဘောတူ ခဲ့ပြီး လက်တွေ့ဆောင်ရွက်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ပါဝင်ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ကြေညာချက် တွင် ဝန်ကြီးများ က ဈေးကွက် နှင့် ကူးသန်းရောင်းဝယ်ရေး တွင် လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှု ၏ အရေးပါပုံ ကို ထပ်မံ အတည်ပြုခဲ့ကြပြီး ဒေသတွင်း ထောက်ပံ့ရေး ကွင်းဆက် နှင့် ရေရှည်ဆောင်ရွက် နိုင်မှု ကို တိုးချဲ့ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ လိုအပ်သော ကုန်စည် နှင့် ဝန်ဆောင်မှု လည်ပတ်မှု ကို ထိန်းသိမ်းသွားပြီး ကုန်စည် ထောက်ပံ့ရေး ကွင်းဆက် အား တားဆီးစေသည့် မလိုအပ်သော အခွန် များအား ဖြေရှင်းသွားရမည် ဖြစ်ကြောင်း ၊ လုပ်ငန်း ကုမ္ပဏီများ အထူးသဖြင့် အလယ်အလတ် နှင့် သေးငယ်သည့် လုပ်ငန်း ကုမ္ပဏီ များအား ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ကပ်ရောဂါ ဖြစ်ပွားချိန် ကာလ အတွင်း ဒစ်ဂျစ်တယ် စီးပွားရေး နှင့် နည်းပညာ များ ဖြင့် လုပ်ငန်း လည်ပတ်မှု အား ထိန်းသိမ်းသွားရန် တိုက်တွန်းပေးသွားမည် ဖြစ်ကြောင်း ၊ ဝန်ကြီးများ အနေဖြင့် စီးပွားရေး အပေါ် မကောင်းသည့် သက်ရောက်မှု ဖြစ်ပွား စေသည့် မူဝါဒ များနှင့် ပတ်သက်၍ ဆွေးနွေးသွားရမည် ဖြစ်ပြီး အကောက်ခွန်စသည့် ဌာန များ မှ ကုန်သွယ်ရေး ပိုမို လွယ်ကူချောမွေ့စေရန် တိုက်တွန်းသွားရမည် ဖြစ်ကြောင်း ၊ ဆက်လက်၍ အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ဝန်ကြီးများ အနေဖြင့် ကုန်သွယ်ရေး တွင် တည်ရှိသည့် အတားအဆီး များကို ဖြေရှင်းသွားပြီး ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု ကို တိုးတက်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ကဏ္ဍတိုးချဲ့ ပူးပေါင်းဆောင်ရွက်သည့် ပုံစံမျိုးဖြင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ဆောင်ရွက်သွားပြီး ဒေသတွင်း စီးပွားရေး တိုးတက်ရန် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကာ ယခုနှစ် အတွင်း ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက် ဆက်ဆံရေး သဘောတူညီမှု စာချုပ် ရေးထိုး နိုင်ရန် အဓိကထား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။  (Xinhua)