Connect with us

Asia

Essex မြို့ ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးသူ ၃၉ စလုံးမှာ ဗီယက်နမ်လူမျိုးများဖြစ်ဟု ဆို

ကုန်တင်ကားအတွင်းပိတ်မိသေဆုံးသွားသူများ၏ ရုပ်လောင်းများအား ထုတ်ယူနေစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ Essex မြို့၌ (လော်ရီ)ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးသူ ၃၉ ဉီးစလုံးမှာ ဗီယက်နမ်လူမျိုးများဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Nguyen Xuan Phuc က သေဆုံးသူများ၏ မိသားစုဝင်များထံပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ၎င်းတို့၏ ကြီးမားသော ဆုံးရှုံးမှုအတွက် ဗီယက်နမ်အာဏာပိုင်များ နှင့် ပြည်သူအားလုံးက ထပ်တူထပ်မျှကြေကွဲရပါကြောင်း နှင့် အတူတကွရှိနေကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

ကုန်တင်ကားအတွင်းပိတ်မိသေဆုံးသွားသူများ၏ ရုပ်လောင်းများအား ထုတ်ယူနေစဉ်(ဆင်ဟွာ)

ကုန်တင်ကားအတွင်းပိတ်မိသေဆုံးသွားသူများ၏ ရုပ်လောင်းများအား ထုတ်ယူနေစဉ်(ဆင်ဟွာ)

ယင်းဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူများ၏ အမည် နှင့် ကိုယ်ရေးအချက်အလက်များ သိရှိရန် နှင့် ရုပ်အလောင်းများကို ဗီယက်နမ်နိုင်ငံသို့ပြန်လည်သယ်ဆောင်နိုင်ရန် အတွက် ဗြိတိန်တာဝန်ရှိသူများနှင့် အလျင်အမြန် အနီးကပ်ပူးပေါင်းကိုင်တွယ် ဖြေရှင်းသွားရန် ဗီယက်နမ်ဝန်ကြီးချုပ်က ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန နှင့် အခြားသော တာဝန်ရှိသူများကို လမ်းညွှန် အမိန့်ပေးခဲကြောင်း နိုင်ငံပိုင်အစိုးရအင်တာနက်စာမျက်နှာတွင် ဖော်ပြသော ထုတ်ပြန်ချက်၌ ပါရှိသည်။

ဗီယက်နမ်အစိုးရအနေဖြင့် လူကုန်ကူးမှုကို ပြင်းထန်စွာ ရှုံ့ချကြောင်း ၊ ဒေသတွင်း နှင့်ကမာ္ဘ့နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်တောင်းဆိုကြောင်း ၊ အလားတူဖြစ်စဉ်မျိုးထပ်မံမပေါ်ပေါက်စေရေး ကြိုတင်ကာကွယ်ရေးအစီအစဉ်များလုပ်ဆောင်ရန် နှင့် ရာဇဝတ်မှုကျူးလွန်သူများကို တရားဉပဒေရှေ့မှောက်သို့ရောက်ရှိအောင် ပြီးပြည့်စုံသော စုံစမ်းစစ်ဆေးမှုကို ချက်ချင်းဆောင်ရွက်ရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်အပေါ် ဗြိတိန်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ဂုဏ်ပြုပါကြောင်း ၊ ဗြိတိန်နိုင်ငံ၌ ရောက်ရှိနေသည့် ဗီယက်နမ်လူမျိုးများ နှင့် ဗြိတိန်ပြည်သူများကို ကျေးဇူးတင်ရှိကြောင်း ၊ သေဆုံးသူများအတွက် ဝမ်းနည်းပူဆွေးကြောင်း ဖော်ပြခဲ့ကြသည့် အခြားသော ကမာ္ဘ့ နိုင်ငံအသီးသီးကိုလည်း ကျေးဇူးတင်ရှိကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Phuc ကဆိုသည်။(Xinhua)