Connect with us

Asia

ဂျပန် နိုင်ငံ ပြည်သူ လူထု ၇၀ ရာခိုင်နှုန်းခန့်သည် လွှတ်တော်မှ လုံခြုံရေး ဥပဒေ မူကြမ်း ( Security Bill) အား အတည်ပြုမည်ကို ကန့်ကွက်

ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှ လုံခြုံရေး ဥပဒေ မူကြမ်း ( Security Bill) နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် မြင်တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ဂျပန် နိုင်ငံ သတင်းဌာန တစ်ခုမှ စက်တင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုမှု အရ ဂျပန် နိုင်ငံ ၏ ပြည်သူလူထု ၇၀ ရာခိုင်နှုန်းခန့်သည် ရှင်ဇိုအာဘေး အစိုးရ တင်သွင်းသည့် လုံခြုံရေး ဥပဒေ မူကြမ်း ( Security Bill) အား လွှတ်တော်မှ ခွင့်ပြုမည်ကို ကန့်ကွက်ကြောင်း သိရသည်။

စာရင်းပြုစုမှု အရ ယခုလ ၂၇ ရက်နေ့ လွှတ်တော် မရုပ်သိမ်းအချိန် အတွင်း လုံခြုံရေး ဥပဒေ မူကြမ်း ခွင့်ပြုခြင်း နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ပြည်သူလူထု ၆၈ ရာခိုင်နှုန်း မှ ကန့်ကွက်ခဲ့ကြပြီး ၂၀ ရာခိုင်နှုန်းမှ ထောက်ခံခဲ့ကြသည်။ မေးမြန်းခဲ့သည့်လူများ၏ ၇၅ ရာခိုင်နှုန်းမှာ လွှတ်တော် အနေဖြင့် လုံခြုံရေး ဥပဒေ မူကြမ်း နှင့် ပတ်သက်သော ဆွေးနွေးမှု သည့် ပြည်စုံမှု မရှိကြောင်း ပြောကြား ခဲ့ကြသည်။ ထို့ပြင် စာရင်းပြုစုမှု အရ ရှင်ဇိုအာဘေး အစိုးရ အား ထောက်ခံအားပေးမှု သည် ၃၆ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

ဂျပန် နိုင်ငံ Liberal Democratic ပါတီ မှ ယခုလ ၁၄ ရက်နေ့က ပါတီတွင်း အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပြီး ယခု အပတ်အတွင်း လုံခြုံရေး ဥပဒေ မူကြမ်း အား အတည်ပြုနိုင်ရန် တွန်းအားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။ ရှင်ဇိုအာဘေး အစိုးရမှ လည်း လုံခြုံရေး ဥပဒေ မူကြမ်းအား အတည်ပြုနိုင်ရေး အတွက် တွန်းအားပေး ဆောင်ရွက်မှု များပြုလုပ် ခဲ့သည်။

ဤအကြောင်းအရာနှင့် ပတ်သက်၍ ဂျပန် နိုင်ငံရှိ ပြည်သူလူထု များ၏ တစ်နိုင်ငံလုံး အတိုင်းအတာ ဆန့်ကျင် ကန့်ကွက်မှု များဖြစ်ပွားခဲ့ပြီး ယခု ရက်ပိုင်းတွင်လည်း သိန်းနှင့်ချီသော ဂျပန် နိုင်ငံ ပြည်သူလူထု တို့မှ လွှတ်တော် ရှေ့သို့ သွားရောက်၍ လုံခြုံရေး ဥပဒေ မူကြမ်းအား တွန်းအားပေး အတည်ပြု ရန်ဆောင်ရွက်မှုကို ဆန္ဒပြ ကန့်ကွက်ခဲ့ကြပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အား ရာထူးမှ နုတ်ထွက် ပေးရန် တောင်းဆို ခဲ့ကြသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117